အပိုင်း ၂၆

3.3K 535 6
                                    

Unicode

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၂၆ - ချွဲနွဲ့ခြင်း


မုရှောင်ယက အပြည်ပြည်ဆိုင်ရာ သင်္ချာပြိုင်ပွဲ (IMO)မေးခွန်းများနဲ့ ဝဝကစ်ကစ် လျိုချွီရဲ့ ခြစ်ရာတွေနဲ့ စာရွက်ကိုယူပြီး ပိုင်ချွမ်းကို လွှဲပေးခဲ့သည်။

ပိုင်ချွမ်းက တစ်ချက်ကြည့်လိုက်ပြီး အဖြေကို ချက်ချင်း ပြောလာခဲ့သည်။ “ ၁၂၈”

"တွက်တာကို ရေးပါဦး " မုရှောင်ယက အကူအညီမဲ့နေခဲ့သည်။

"အိုး " နောက်တော့ ပိုင်ချွမ်းက ဘောပင်ကိုကောက်ကိုင်လိုက်ပြီး အနည်းအကျင်းသာ ရေးခဲ့သည်။ တစ်မိနစ်တောင် မကုန်သေးပေမယ့် စာရွက်ပေါ်မှာ ချရေးပြီးသွားပြီ။

လျန်းနျိုနျိုနဲ့ ဖက်တီးလေးရဲ့ ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးများကို မြင်လိုက်ရတော့ မုရှောင်ယက အနည်းငယ် မာနကြီးသွားသော်လည်း ပေါ့ပေါ့ပါးပါးဖြစ်သလို ဟန်ဆောင်ကာ စာရွက်ကို ကမ်းပေးလိုက်သည်။ “အခု ငါတို့စားလို့ရပြီ ”

လျိုချွီက ရေးခြစ်ထားတဲ့ စာရွက်ကို အလွန်အရေးကြီးသလို ​ယူလိုက်ပြီး ရိုးရှင်းပြတ်သားတဲ့ အဖြေလွှာကို ကြည့်လိုက်ပြီး ပိုင်ချွမ်းကို ကိုးကွယ်မှုပြည့်နေတဲ့ မျက်နှာထားဖြင့် ချက်ချင်းကြည့်လိုက်သည်။

" ဘယ်လိုစဉ်းစားခဲ့တာလဲ။ " ဒီဖက်တီးလေးရဲ့ မျက်လုံးတွေထဲမှာ တောက်ပတဲ့ ကြယ်တွေနဲ့ပြည့်နေသည်။

ဝဝကစ်ကစ်ကောင်လေးက အသံကျယ်ကြီးနဲ့ မေးလာသည်။  ပိုင်ချွမ်း သူ့ကိုလျစ်လျူရှုထားတာကတော့ သနားစရာပဲ။ ကလေးမျက်လုံးထဲက ကြယ်တွေက အပြင်ထွက်တော့မယ်ဆိုတာကို မြင်တော့ မုရှောင်ယက သူ့ကို သနားစိတ်နဲ့ ကြည့်လိုက်သည်။  သူမက ပိုင်ချွမ်းကို လက်နဲ့တို့လိုက်မှ ပိုင်ချွမ်းက ခေါင်းမော့ကြည့်လာသည်။ 

"သူက ရှင့်ကို ဘယ်လိုသိတာလဲလို့ မေးနေတယ်။" မုရှောင်ယက ကောင်လေးရဲ့ မေးခွန်းကို ပြန်ပြောပြလိုက်သည်။

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား (ဘာသာပြန်)  [Complete]Where stories live. Discover now