အပိုင်း ၇၆

2.6K 371 7
                                    

Unicode

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၇၆ - ရောဂါ

ပိုင် မိသားစုနေအိမ်တွင် တစ်ပတ်ကြာနေထိုင်ပြီး သူမမှာ ကျန်းမာရေးပြဿနာမရှိကြောင်း အတည်ပြုပြီးနောက်တွင် သူမတို့နှစ်ဦးက သူတို့အိမ်ကို ပြန်သွားခဲ့ကြသည်။  ပိုင် မိသားစုက ပါဝင်ပတ်သက်နိုင်သော်လည်း ရှေးဆိုရိုးစကားအတိုင်း တစ်စုံတစ်ယောက်၏ ရွှေ သို့မဟုတ် ငွေသိုက်သည် ၎င်းတို့၏ မြက်သိုက်ကဲ့သို့ မကောင်းပေ။ သူမ တံခါးဝက ဝင်သွားသည်နှင့်တစ်ပြိုင်နက် မုရှောင်ယက နှစ်ခုကို ခံစားလိုက်ရသည်။ အိပ်ခန်းတစ်ခန်းနှင့် ဧည့်ခန်းအိမ်သည် ပိုင် မိသားစု၏ ဗီလာထက် များစွာ ပိုအဆင်ပြေသည်။

လက်ထဲတွင် ခေါင်းအုံးတစ်လုံးကို ကိုင်ထားရင်း ဆိုဖာပေါ်တွင် လဲလျောင်းနေတဲ့ မုရှောင်ယက သက်ပြင်းချကာ ပြောလာသည်။ "ကျွန်မတို့နှစ်ယောက်လုံးအတွက် အိမ်သေးသေးလေးတစ်လုံးရှိလို့ ပိုကောင်းတယ်"

“မဟုတ်ဘူး၊ လူသုံးယောက်အတွက်” ပိုင်ချွမ်းက အမှားပြင်ခဲ့သည်။

“ဟုတ်တယ်၊ လူသုံးယောက်အတွက် ” မုရှောင်ယက သူမဗိုက်ကို ထိကာ တောင်းပန်လိုက်သည်။  "တောင်းပန်ပါတယ် မား ပေါင်ပေ့လေး မေ့သလိုဖြစ်သွားလို့"

တောင်းပန်ပြီးနောက်တွင် မုရှောင်ယက ပိုင်ချွမ်းကိုကြည့်လိုက်ချိန်မှာ မီးဖိုချောင်ထဲတွင် ရှိနေကြောင်း ထပ်မံတွေ့ရှိခဲ့သည်။ အိုးနဲ့ ဇွန်းတွေကို ကောင်တာမှ မူလနေရာဆီပြန်ထားပြီး ဆီ၊ ဆား၊ ပဲငံပြာရည်နှင့် ရှာလကာရည်တို့ကိုလည် အရင်နေရာအတိုင်းပြန်ထားနေခဲ့သည်။

ဤသည်မှာ OCD ၏ အခြားအပိုင်းဖြစ်သည်။

မုရှောင်ယက မပြုံးနိုင်ဘဲ မနေနိုင်ခဲ့ပေ ။  တခါတရံတွင် OCD က အလွန်ကောင်းသည်ဟု သူမထင်သည်။ OCD ရှိသူများသည် အခန်းများကို အလွန်သတိရှိစွာ သန့်ရှင်းရေးလုပ်လိမ့်မည်။  ချက်ပြုတ်ခြင်းမှလွဲ၍ ကျန်အိမ်မှုကိစ္စအားလုံးနီးပါးကို ပိုင်ချွမ်းက ဆောင်ရွက်ပေးခဲ့သည်။ ပိုင်ချွမ်းမှာ အဲ့ဒီအားသာချက်ရှိသည်။ သူတို့အိမ်က ဘယ်လောက်ပဲ ရှုပ်နေပါစေ သူ ဘယ်တော့မှ မငြီးညူဘဲ တိတ်တိတ်လေး ပြန်ဖွဲ့စည်းသည်။

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား (ဘာသာပြန်)  [Complete]Where stories live. Discover now