အပိုင်း ၂၂

3.3K 516 2
                                    

Unicode

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၂၂ - ပိုင်ချွမ်းက အရမ်းကောင်းတယ်

ရေချိုးပြီးနောက်မှာ ပိုင်ချွမ်းက အိပ်ရာအစွန်းတွင်ထိုင်ပြီး ဆံပင်ကိုဖြည်းဖြည်းချင်း သုတ်လိုက်သည်။ သူ့လှုပ်ရှားမှုတွေက အချိန်ကိုရေတွက်နေသလိုပဲ အလွန်နှေးကွေးသည်။ သူက တံခါးကိုကြည့်နေပြီး မုရှောင်ယ ပြန်လာမှာကိုစောင့်နေသည်။

အစောက သူ ရေချိုးခန်းကပြန်လာချိန် ရှောင်ယက ခဏထွက်သွားပြီး သူ့ကိုစောင့်ဖို့ပြောခဲ့သည်။

"Squeak ~~"

သစ်သားတံခါးက တွန်းဖွင့်ခံလိုက်ရပြီး မုရှောင်ယက  ဆေးရနံ့တစ်မျိုးဖြင့် ဝင်ရောက်လာသည်။ ပိုင်ချွမ်း မျက်လုံးတွေက မယုံနိုင်လောက်အောင်တောက်ပသွားပြီး သူစိတ်နှလုံးက အံ့သြလောက်ဖွယ် စိတ်သက်သာရာရသွားသည်။

ပြန်လာတယ်။ (# ^ ။ ^ #)

"ဘာလို့ ဆံပင်မခြောက်သေးတာလဲ။ " မုရှောင်ယ မေးလိုက်သည်။  သူမ အစောက ထွက်သွားချိန်တွင် ပိုင်ချွမ်းက သူ့ဆံပင်တွေကို သုတ်နေတာဖြစ်သည်။ သူမ အချိန်ကိုတွက်ကြည့်လိုက်တော့ ၄ မိနစ် ၅ မိနစ်လောက်ကြာသည်။ ပိုင်ချွမ်းက သူ့ဆံပင်တွေကို ဘာလို့ခြောက်အောင်လုပ်နေသေးတာလဲ။

ပိုင်ချွမ်းက အေးခဲသွားပြီး သူ့လှုပ်ရှားမှုများကို မရိပ်မိအောင် ရပ်တန့်လိုက်သည်။ ထို့နောက် ခဏအကြာတွင်မူ မုရှောင်ယကို ပြန်ပြောဖို့ သတိရသွားသည်။“ ခြောက်သွားပြီ”

ပိုင်ချွမ်းက အနည်းငယ် အပြစ်ရှိသလိုခံစားနေရသည်။ အစောက သူ မုရှောင်ယ ပြန်လာတာကို စောင့်နေတာဖြစ်သည်။ ခဏကြာတော့ သူ့ဆံပင်တွေကို သုတ်နေတုန်း ဆိုတာမေ့သွားခဲ့သည်။

မုရှောင်ယက ဆေးသေတ္တာထဲမှ ဆီမွှေးကို ထုတ်လိုက်ပြီး ကုတင်ပေါ်ထိုင်နေသော ပိုင်ချွမ်းကို လှည့်ပြောလိုက်သည်။“  ရှင့်ရဲ့အဝတ်အစားကိုချွတ်လိုက် ရှင့်နောက်ကျေကို ကျွန်မကြည့်လို့ရအောင် ”

  လမ်းက ကြမ်းလွန်းသည်။ မုရှောင်ယက ပိုင်ချွမ်း  ထိခိုက်သွားမှာကို ကြောက်ရွံ့ပြီး မကြည့်ရမချင်း သက်သာရာရမည်မဟုတ်ပေ။

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား (ဘာသာပြန်)  [Complete]Where stories live. Discover now