အပိုင်း ၁၉

3.4K 559 7
                                    

Unicode

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၁၉ - မင်းကစာအုပ်တွေထက် ပိုလှတယ်


ဒုတိယနေ့

နှိုးစက်ဖွင့်ထားတဲ့ မုရှောင်ယက နံနက်စာမစားခင် ထခဲ့သည်။ သူမနဲ့အတူ ပိုင်ချွမ်းကို ပိုင်မိသားစု ထမင်းစားပွဲဆီ ခေါ်သွားခဲ့သည်။

လီရုံက တိတ်တိတ်လေး ပျော်ရွှင်နေခဲ့သည်။ သူမက မုရှောင်ယ သီးသန့်ဖြစ်နေတာကြောင့်  စိတ်ပျက်လက်ပျက်ဖြစ်မည်ကို စိုးရိမ်တာကြောင့် အကြောင်းအရာတစ်ခုခုကို ရှာဖွေပြီး မုရှောင်ယနဲလ စကားပြောဖို့ တွေးနေမိသည်။

"ရှောင်ယ သမီးတက္ကသိုလ်မှာ ဒီဇိုင်းပညာကိုလေ့လာခဲ့တာကို မားမှတ်မိသေးတယ်" လီရုံက စပြီးမေးလိုက်သည်။

“ ဟုတ်တယ် သမီးဖိနပ်ဒီဇိုင်းကိုလေ့လာခဲ့တာ ”မုရှောင်ယက ပြန်ဖြေခဲ့သည်။ 

"ဖိနပ်ဒီဇိုင်းလား။ အဲ့ဒါကို မြင်ရတာရှားတယ် "

“အစကတော့ အဝတ်အစားဒီဇိုင်းအတွက် လျှောက်ထားခဲ့ပေမယ့် နောက်ဆုံးမိနစ်မှာ အမှားအယွင်းအနည်းငယ်ကြောင့် စာမေးပွဲကို ဖိနပ်ဒီဇိုင်းအဖြစ် ပြောင်းလဲခဲ့တာ။ ဒါပေမယ့် အချိန်အတော်ကြာလေ့လာပြီးတဲ့ နောက်မှာတော့ ဖိနပ်ဒီဇိုင်းက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ် ” မုရှောင်ယက ပြန်ဖြေလိုက်သည်။ "နောက်ပြီး ကိုယ်ကိုယ်တိုင် ဒီဇိုင်းထုတ်ထားတဲ့ ဖိနပ်က ဝတ်ရတာ သက်တောင့်သက်သာပိုရှိပုံရတယ်"

“ဟုတ်တယ် အပြင်ကဖိနပ်တွေက ကြည့်ကောင်းပေမယ့် ခဏဝတ်ပြီးရင် ခြေထောက်ကို နာကျင်စေတယ်” လီရုံက သူမပြောသည့်အတိုင်း နက်ရှိုင်းစွာစွဲမှတ်သွားသည်။ “မား မကြာခဏဝတ်လေ့ရှိတဲ့ ဒေါက်မြင့်ဖိနပ်တစ်ရံက နိုင်ငံခြားမှာ စိတ်ကြိုက်လုပ်ထားတဲ့ ဖိနပ်တွေလေ ”

"သမီး ဒေါက်မြင့်ဖိနပ်ကိုလည်း ဒီဇိုင်းဆွဲနိုင်တယ် နောက်ကျ တစ်ရံကို စိတ်ကြိုက်ပြင်နိုင်အောင် ကူညီပေးမယ်၊ အဲဒီချိန်ကျရင် သမီးလက်ရာကို စမ်းကြည့်မှာမလား။ " မုရှောင်ယအနေနဲ့ သူမလက်ရာကို နိုင်ငံရပ်ခြားက လီရုံ အတွက် စိတ်ကြိုက်ပြုလုပ်ထားသည့် ဖိနပ်များနှင့် နှိုင်းယှဉ်၍မရနိုင်ကြောင်း သဘာဝကျကျ သိသော်လည်း ယောက္ခမဖိနပ်ကို စိတ်ကြိုက်ပြင်ဆင်ဖို့ ကူညီတာက ချွေးမအတွက် အဓိပ္ပါယ်အမျိုးမျိုးရှိကြောင်းကို မုရှောင်ယက တွေးခဲ့သည်။ နောက်ပြီး အဲ့ဒါကို လီရုံကလည်း ကြိုက်သည်။ ပြီးတော့ မုရှောင်ယက ပိုင်ချွမ်း  မိသားစုအတွက် သူမပေးနိုင်တဲ့ အခြားလက်ဆောင်တွေကို အမှန်တကယ်ပင် မတွေးနိုင်တော့ပေ။

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား (ဘာသာပြန်)  [Complete]Where stories live. Discover now