အပိုင်း ၂

4.7K 622 11
                                    

Unicode

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၂; လက်ထပ်ခွင့်တောင်းခြင်း



မုရှောင်ယက သူမ မသေဆုံးခင်ကမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။

သူမဆဲလ်ဖုန်းက အဆက်မပြတ်မြည်နေပြီး ဆေးမှတ်တမ်းများက နေရာအနှံ့ပြန့်ကျဲနေကာ ဆေးဘက်ဆိုင်ရာ၀န်ထမ်းများကလည်း အလျင်အမြန် ဝင်လာပြီးသူမ၏မိဘများကလည်း ဝမ်းနည်းစွာ ငိုကြွေးခဲ့ကြသည်။  သူမမျက်လုံးဖွင့်လိုက်တာနဲ့ သူမအခန်းထဲဘယ်လိုလုပ် ပြန်ရောက်နေတာလဲ။

နို့နှစ်ရောင် လိုက်ကာနဲ့ ငန်းမွှေးရောင်နံရံ၊ ပန်းရောင်ဆိုဖာ၊ အနက်ရောင်နှင့်အဖြူရောင် ပုံစံများပါသောကြမ်းပြင်များ ဒီအလှဆင်ပစ္စည်းအားလုံးက သူမနိုင်ငံခြားမသွားခင်က ဖြစ်ခဲ့သည်။ သူမနိုင်ငံခြားသွားပြီးနောက် သူမမိဘများက အလှဆင်ထားတာကို ချက်ချင်းပြောင်းလဲခဲ့သည်။ သူမအခန်းသည် ယခင်ပုံစံအတိုင်း ထပ်မတွေ့ရတော့ဘဲ ကြမ်းပြင်အောက်တွင် အပူထည့်ထားသော သစ်သားများနှင့်အစားထိုးထားသည်။

မုရှောင်ယက သူမ၏စောင်ကို ရုတ်တရက် လှပ်လိုက်ပြီး မှန်တင်ခုံရှေ့ကို ပြေးသွားခဲ့သည်။

မှန်ထဲက မုရှောင်ယက သူမနိုးလာချိန်မလို့ ဆံပင်အနည်းငယ်ရှုပ်ပွနေပြီး ကလေးကာတွန်းညအိပ်ဝတ်အင်္ကျီကိုထားတုန်းသည်။

ဒါက မဟုတ်သေးဘူး။

မုရှောင်ယက ပြည်ပတွင် နှစ်နှစ်ပညာသင်ကြားပြီးနောက် ပြည်တွင်းကုမ္ပဏီတစ်ခုတွင် အလုပ်ရခဲ့သည်။  သူမပုံကို ပိုမိုရင့်ကျက်စေဖို့အတွက် သူမဆံပင်ကို ယခုထက်ပိုရှည်သော ဆံပင်ပုံစံနှင့်ပြောင်းခဲ့သည်။

ဤပုံစံက ယခုသူမမဟုတ်ပေ။ လွန်ခဲ့သောနှစ်အနည်းငယ်က သူမဖြစ်ခဲ့သည်။

“ ကလင် ကလင်…”

ပျင်းစရာကောင်းတဲ့  ဖုန်းမြည်သံတစ်ခုထွက်ပေါ်လာပြီး မုရှောင်ယ စောင်ကိုလှန်လိုက်ချိန် သူမဆဲလ်ဖုန်းကို တွေ့ရှိသွားပြီးနောက် သူမနှင့်မရင်းနှီးသည့်ခေတ်နောက်ကျနေသော ဆဲလ်ဖုန်းကိုကောက်ယူလိုက်သည်။

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား (ဘာသာပြန်)  [Complete]Where stories live. Discover now