အပိုင်း ၃၆

3.1K 502 10
                                    

Unicode

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၃၆ - ဇနီးကို ချော့ခြင်း



ယွန်းချန်တက္ကသိုလ်မှ ထွက်လာချိန်တွင် နေ့လည်စာစားချိန်ဖြစ်သဖြင့် မုရှောင်ယက နေ့လည်စာစားဖို့ အနီးနားရှိ စားသောက်ဆိုင်တစ်ဆိုင်ကို တွေ့ရှိခဲ့သည်။ အစားအသောက်တွေ စားဖို့ စောင့်ရင်း ပိုင်ချွမ်းကို ရုတ်တရက် သတိရသွားသည်။

ပိုင်ချွမ်းကို မနက်ပိုင်း အလုပ်သွားခိုင်းတဲ့ အခါမှာ သူမဟာ အကောင်းဆုံး အခြေအနေမှာ မရှိခဲ့သလို ပိုင်ချွမ်းလည်း သတိပြုမိခဲ့လား မသိဘူး။  ပိုင်ချွမ်းက တခြားသူတွေရဲ့ စိတ်ခံစားချက်ကို သိပ်အထိခိုက်မခံပေမယ့် ပိုင်ချွမ်းက သူမခံစားချက်တွေကို ဖမ်းဆုပ်နိုင်တယ်ဆိုတာကို မုရှောင်ယ အမြဲတမ်း ခံစားနေရသည်။

အစားအသောက်တွေ လာချပြီးချိန်မှာတော့ မုရှောင်ယက သူမရဲ့ အစားအသောက် ဓာတ်ပုံရိုက်ပြီး ပိုင်ချွမ်းကို ပို့ပေးလိုက်သည်။

သိပ်မကြာခင်မှာပဲ ပိုင်ချွမ်းက သူမရဲ့ မက်ဆေ့ချ်ကို '12.31 အလို ဆယ်မိနစ်ရှိသေးတယ်' ဆိုပြီး တုံ့ပြန်ခဲ့သည်။

“…” 'တကယ်ကို မပျော့ပြောင်းဘူး ' မုရှောင်ယက ကူကယ်ရာမဲ့ ပြုံးလိုက်သော်လည်း သူမသည် ထိုအကြောင်းကို တွေးပြီး ပိုင်ချွမ်းအတွက် သူမသတ်မှတ်ထားသော အစားအသောက်အချိန်ကို မပြောင်းလဲနိုင်တော့ကြောင်း ခံစားလိုက်ရသည်။  ဘာပဲဖြစ်ဖြစ် အချိန်မှန် စားသောက်ခြင်းက အကျင့်ကောင်းတစ်ခုဖြစ်သည်။

'ဒါပေမယ့်... တုံ့ပြန်မှုက အရမ်းမြန်တာမို့ ဒီကိစ္စကြောင့် သူ့ကို မထိခိုက်သင့်ဘူး မဟုတ်လား။ '  မှန်းဆပြီးနောက် မုရှောင်ယက ဖြည်းဖြည်းချင်း စိတ်လျှော့ကာ ရှေ့က အစားအစာကို စားဖို့ အာရုံစိုက်လိုက်သည်။

ဆယ်မိနစ်လောက်အကြာ မုရှောင်ယ သူမရဲ့ နေ့လည်စာ ပြီးသွားချိန် ရုတ်တရက် ဖုန်းမြည်လာသည်။  သူမဖွင့်ကြည့်လိုက်တော့ ပိုင်ချွမ်းရဲ့ နေ့လယ်စာပုံလေးတစ်ပုံနဲ့ ဟင်းချိုတစ်ပွဲက အာဟာရပြည့်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ပုံပေါက်နေတာကို တွေ့လိုက်ရသည်။

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား (ဘာသာပြန်)  [Complete]Where stories live. Discover now