အပိုင်း ၁၂

3.5K 631 16
                                    


Unicode

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၁၂ - ကိုယ့်ကိုမမုန်းပါနဲ့


ညစာစားပွဲအချိန်က ကြာလာတာနဲ့  မိသားစုနှစ်ခုကလည်း နောက်ဆုံးတော့ အဆင်မပြေကာလကလွန်သွားပြီး ဖြည်းဖြည်းချင်းပိုပြီး အကျွမ်းတဝင်ဖြစ်လာခဲ့သည်, ခေါင်းစဉ်ကိုလည်း ' အမျိုးသားရေးအသက်မွေးဝမ်းကျောင်း ' ကနေ 'သားသမီးနှစ်ယောက်ရဲ့လက်ထပ်မှုဘဝကို' ပြောင်းလဲသွားခဲ့သည်။

"နောင်အနာဂတ်မှာ ရှင်တို့မိသားစုက ကျွန်မတို့ ရှောင်ယကို ခွင့်လွှတ်ပေးကြပါ။ ဒီမိန်းကလေးက ငယ်ငယ်လေးကတည်းက ကျွန်မတို့ အလိုလိုက်လွန်းလို့ ဆိုးနေတာ " နှစ်ဖက်စလုံးမှမိဘများကလည်း သူတို့ကလေးများအကြောင်း ဝါကြွားခြင်းကနေ မကောင်းတဲ့အချက်တွေကို ဖော်ပြလာခဲ့ကြသည်။

  "ခမည်းခမက် ဘာတွေပြောနေတာလဲ။ ရှောင်ယက ကျွန်မချွေးမဖြစ်လာပြီဆိုတော့ ကျွန်မကလည်း သူ့ကိုအလိုက်ရလိမ့်မယ်။" တစ်ယောက်နှင့်တစ်ယောက်ခေါ်ဝေါ်သောနာမည်များကလည်း ဆရာမရှန်၊ မဒမ်ပိုင်ကနေ ခမည်းမမက်အဖြစ်ပြောင်းသွားခဲ့သည်။ 

ခေါင်းစဉ်က သူမဘက်လှည့်လာခဲ့သော်လည်း မုရှောင်ယက အနှောင့်အယှက်မပေးဘဲ သူမအစားကိုသာ တိတ်တဆိတ်ဆက်လက်စားနေခဲ့သည်။

"ဟုတ်သား ရှောင်ယကို မေးချင်တာတစ်ခုခုရှိသေးတယ် "

' အမ်။ ' သူမရဲ့နာမည်ကို ကြားလိုက်သောအခါ မုရှောင်ယ မြန်မြန်ဆန်ဆန်ကြည့်လိုက်သည်။

"ဒီကောင်မလေး ဘယ်လိုစားရမယ်ဆိုတာပဲသိတယ် လူကြီးတွေက နင့်ကိုစကားပြောနေတာလေ" ရှန်ချင်းယီက မျက်မှောင်ကြုတ်လျက်ပြောလာသည်။

မုရှောင်ယက သူမတူကိုချကာ သူမမိဘများကိုပြုံးပြလိုက်သည်။ "အန်တီ တစ်ခုခုလိုရင်ပြောပါ သမီး နားထောင်နေပါတယ်"

" 'အန်တီ' လို့ ခေါ်နေသေးတုန်းလား ဟမ်" လီရုံက ရှောင်ယကိုကြည့်ပြီး အရိတ်အမြွတ်ပြလိုက်သည်။

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား (ဘာသာပြန်)  [Complete]Where stories live. Discover now