အပိုင်း ၁၆

3.6K 589 3
                                    

Unicode

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၁၆ - မင်းကတောက်ပနေပါတယ်

ပရော်ဖက်ဆာဖန်က ယွင့်ချန် တက္ကသိုလ်က စိတ်ပညာရှင် ပါမောက္ခတစ်ဦးဖြစ်သည်။ သူ့အဓိက သုတေသနမှာ အော်တစ်ဇင်ကလေးများဖြစ်ပြီး ပိုင်ချွမ်း ငါးနှစ်သားအရွယ်ကတည်းက သူက အကြံဉာဏ်ပေးကာ ကူညီပေးခဲ့သည်။ ဖွားဖွားပိုင်နဲ့ မုရှောင်ယတို့က ပြင်ပကမ္ဘာ ပြတင်းပေါက်အဖြစ် ရပ်တည်နေသည်လို့ဆိုရရင် ပရော်ဖက်ဆာဖန်က ယခုအချိန်အထိ ပိုင်ချွမ်း ပြန်လည်ကောင်းမွန်လာစေဖို့ ပံ့ပိုးပေးခဲ့သည်ဟု ဆိုနိုင်သည်။

ဒီနေ့က တနင်္ဂနွေ ပိတ်ရက်ဖြစ်ပြီး၊ ပါမောက္ခဖန်က အထူးကလေးများကို ဘိုးဘွားရိပ်သာတွင် စေတနာအလျောက် အကြံဉာဏ်ပေးနေသည်။ ပိုင်ကျန့်က သူ့ကို ဖုန်းခေါ်တဲ့အခါ အော်တစ်ဇင် ကလေးတစ်ယောက်နဲ့ စကားပြောနေသည်။ မုရှောင်ယ လာချင်တယ်လို့ကြားတော့ ပရော်ဖက်ဆာဖန်က သူမအတွက် အထူးသဖြင့် မိနစ် 20 လောက် အချိန်ဖယ်ပေးထားခဲ့သည်။

မုရှောင်ယက နာရီဝက်ကြို ရောက်ရှိလာပြီး ပရော်ဖက်ဆာဖန်က အချိန်မရသေးတာကြောင့် သူမနဲ့ပိုင်ချွမ်းတို့က ရုံးခန်းတွင်သာ စောင့်ဆိုင်းနိုင်ခဲ့သည်။

မုရှောင်ယက ဒီလိုမျိုးနေရာကို ပထမဆုံးအကြိမ် ရောက်တာဆိုတော့ သူမ မသိချင်ယောင်ဆောင်နေလို့မရဘူး။ နာရီဝက်လောက် စောင့်ရတာကြောင့် ပိုင်ချွမ်းက ခြံဝန်းထဲ လမ်းလျှောက်ထွက်ခဲ့သည်။  ဒါပေမယ့် ဆယ်မိနစ်လောက် လမ်းလျှောက်ပြီးတဲ့ နောက်မှာတော့ မုရှောင်ယက သည်းမခံနိုင်တော့ဘဲ ပိုင်ချွမ်းကို စောင့်ဆိုင်းခန်းထဲ ပြန်ဆွဲခေါ်သွားပြီး သူမရဲ့ နှလုံးသားက ခဏတာ အဆင်မပြေဖြစ်ခဲ့သည်။

ပိုင်ချွမ်းက မုရှောင်ယကို ငုံ့ကြည့်ပြီးနောက် သူမကို ပွေ့ဖက်ပေးဖို့ ရှေ့ တိုးလာခဲ့သည်။

"ရှောင်ချွမ်း။" မုရှောင်ယက စိတ်ရှုပ်ထွေးစွာ အော်လိုက်သည်။

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား (ဘာသာပြန်)  [Complete]Where stories live. Discover now