အပိုင်း ၈

3.6K 650 9
                                    

Unicode

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၈ - ရှင့်ရဲ့ဓာတ်ပုံကိုပေး

နောက်နေ့မှာ မုရှောင်ယက စောစောထပြီး အဝတ်အစားလဲပြီးနောက် ကျောင်းသို့ပြေးသွားသည်။ ဒီနေ့ကကျောင်းမှာ ဒီပလိုမာထုတ်ပေးမယ့်နေ့ဖြစ်ပြီး၊ သူမဘွဲ့ရဓာတ်ပုံရိုက် ဖို့အခွင့်အလမ်းကိုလွဲချော်ခဲ့သည်။  သူမလက်မှတ်ကိုသာမရခဲ့ဘူးဆို ဖန်းဟော်က သူမကိုသတ်လိမ့်မည်။

  ရွယ့်ယွမ်လမ်းပေါ်က ဘတ်စ်ကားမှတ်တိုင်မှာ ဘတ်စ်ကားပေါ်ကနေဆင်းပြီး သူမခြေလှမ်းအနည်းငယ်ဘဲလှမ်းရသေးချိန်မှာ ဖန်းဟော်ကို ကျောင်းတံခါးဝမှာ တွေ့လိုက်ရသည်။ ဖန်းဟော်က နှစ်အနည်းငယ်အကြာကလို အရည်အချင်းပြည့်ဝတဲ့ ထက်မြက်တဲ့အမျိုးသမီး မဟုတ်သေးသလို ဆံပင်သုံးရောင်ထက်ပိုဆိုးတဲ့ မိန်းကလေးလဲ မဟုတ်သေးပေ။  

"ဖန်းဟော်"

မုရှောင်ယက သူမလက်များနဲ့ ဖန်းဟော်ကို ပျော်ရွှင်စွာဝှေ့ယမ်းပြလိုက်သည်။ ဖန်းဟော်က သူမခေါင်းကိုလှည့်လာချိန်မှာ မုရှောင်ယက သူမဆီပြေးလာနေ ယသည်ကိုတွေ့လိုက်ရသည်။ သူမပါးစပ်က နို့ရည်လက်ဖက်ရည်ကို စုပ်နေတုန်းဘဲ မုရှောင်ယကို ဘာတုံ့ပြန်မှုမှပေးဖို့မရည်ရွယ်ခဲ့ဘူး။ ဒါပေမယ့် မုရှောင်ယက အဲဒါကိုဂရုမစိုက်တော့ဘူး၊ ခုန်ပြီးဖန်းဟော်ကို ရေဘဝဲတစ်ကောင်လို ဖက်ထားခဲ့သည်။ 

"ငါ့အင်္ကျီ။ မုရှောင်ယ နင်သေချင်နေတာလား။" မုရှောင်ယရဲ့ ရုတ်တရက် လှုပ်ရှားမှုကြောင့် ဖန်းဟော်ရဲ့အသစ်ဝယ်ဝတ်ထားတဲ့ အင်္ကျီပေါ်ကို နို့လက်ဖက်ရည် ဖိတ်စင်သွားပြီး အညိုရောင်လက်ဖက်ရည်တွေ စွန်းထင်းစေခဲ့သည်။

"ငါနင့်ကိုမတွေ့တာကြာပြီ၊ ငါနင့်ကိုအရမ်းသတိရတာဘဲ" မုရှောင်ယက ဖန်းဟော်ရဲ့ ညည်းညူသံကိုလုံးဝမကြားရတော့ဘဲ သူမသူငယ်ချင်းနှင့်တွေ့ခွင့်ရသည့်အတွက် ၀မ်းမြောက်ဝမ်းသာဖြစ်နေခဲ့သည်။

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား (ဘာသာပြန်)  [Complete]Where stories live. Discover now