အပိုင်း ၄၆

2.7K 467 3
                                    

Unicode

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၄၆ - ကိုယ်မင်းကို အလုပ်ကနေ လာကြိုတယ်

လုရန်က လုံခြုံရေးဌာနမှ အောက်ထပ်ဆီ အလျင်အမြန် ပြေးလာသောအခါ ပိုင်ကျန့်က အဆောက်အဦး၏ ဂိတ်တံခါးကို နောက်ပြန်လှည့်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူက အသက်ရှုဝတဲ့ထိမနေရဲပဲ သတင်းပို့ဖို့ မစောင့်နိုင်ခဲ့ပေ။ "အထွေထွေမန်နေဂျာ၊ ဒုတိယသခင်လေးက 2:51 နာရီမှာ အဆောက်အဦးက ထွက်သွားခဲ့တယ်"

"သူကားခေါ်သွားလား။"  ပိုင်ကျန့်က မေးခွန်းထုတ်လာသည်။

“သူ မခေါ်ပါဘူး။ ဒုတိယသခင်လေးက ဟိုဘက်ကို ပြေးသွားပါတယ် ” လုရန်က လမ်းညာဘက်ခြမ်းကို ညွှန်ပြပြီး ဆက်ပြောလာခဲ့သည်။ "တတိယတောင်လမ်းကို ဝင်ပြီးနောက်မှာ ကျွန်တော်တို့ရဲ့ မော်နီတာနဲ့ ထိန်းချုပ်စနစ်က သူ့ကို ရှာမတွေ့တော့ဘူး"

"ရှောင်ချွမ်းက သူ့ဖုန်းနဲ့ ပိုက်ဆံတွေ ယူမသွားဘူး "  ပိုင်ကျန့်က ထိတ်လန့်တုန်လှုပ်စွားနဲ့ သူ့ရှေ့က ကားကို ထိုးကြိတ်ရင်း ပြောလိုက်သည်။ "လုံခြုံရေးအပိုင်းက  လူတွေ ဘာတွေလုပ်နေတာလဲ။ လူတစ်​​ယောက်​ကို​တောင်​ မ​စောင့်​​ရှောက်​နိုင်​ဘူး။"

"အထွေထွေမန်နေဂျာ၊ စိတ်မပူပါနဲ့၊ ဒုတိယသခင်လေးက ဒုတိယသခင်မလေးကို သွားရှာမှာပါ။"  လုရန်က ဖြေသိမ့်ဖို့ ကြိုးစားသော်လည်း သူ့စိတ်ထဲတွင်တော့ လုံခြုံရေးဌာနကို အပြစ်မတင်နိုင်မှန်း သိသည်။  ကုမ္ပဏီတွင် ဒုတိယသခင်လေး ကုန်ဆုံးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သူ၏ အလုပ်ချိန်ကို စက်တစ်ခုလို အမြဲသတ်မှတ်ထားသည့်အပြင် အတွင်းလူများအားလုံး ပုံမှန်အတိုင်း အလုပ်လုပ်နေကြဆဲဖြစ်ပြီး ယခုလို မမျှော်လင့်ထားသော မတော်တဆမှုမျိုး မရှိဖူးသလို လုံခြုံရေးသည် အနားမယူဘဲ စောင့်ကြည့်ရေးစနစ်ကို စဉ်ဆက်မပြတ် စောင့်ကြည့်နေနိုင်မည်မဟုတ်ပေ။

"ဒီကနေ မုရှောင်ယ ရဲ့ စတူဒီယိုကို ကားနဲ့သွားဖို့ နာရီဝက်လောက်လိုတယ်။ ရှောင်ချွမ်းက ဘယ်လိုလုက် လမ်းလျှောက်ပြီး အဲဒီကိုသွားမှာလဲ။ "

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား (ဘာသာပြန်)  [Complete]Where stories live. Discover now