အပိုင်း ၃

4.4K 626 14
                                    

Unicode

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၃; လက်ထပ်ထိမ်းမြားခြင်း


ပိုင်ချွမ်းရဲ့ "အလိုက်တသိ" အတွေးအခေါ်ကို ဖြုန်းတီးခြင်းမှ ရှောင်ရှားနိုင်ဖို့အတွက် မုရှောင်ယက ပိုင်ချွမ်းရဲ့လက်ကို ဆုပ်ကိုင်ကာ သူ့ကိုဘဲဦးဆောင်ခွင့်ပြုလိုက်သည်။ 

ခဏအကြာတွင် ဓာတ်လှေကားက အပေါ်ဆုံးထပ်သို့ရောက်သွားသည်။  သူတို့ထွက်ဖို့ ပြင်နေတုန်းမှာဘဲ တစ်စုံတစ်ယောက်က အလျင်စလိုပြေးဝင်လာခဲ့သည်။ ရုတ်တရက် ပိုင်ချွမ်းက ကြောင်အသွားပြီး အလန့်တကြား နောက်ဆုတ်လိုက်သည်။

ပိုင်ချွမ်းက အော်တစ်ဇင်ရောဂါရှိသူဖြစ်သည်။  သူက တခြားသူတွေနဲ့ ရုပ်ပိုင်းဆိုင်ရာထိတွေ့ရတာကို မကြိုက်ဘူး။ ဒါကြောင့် သူကငယ်စဉ်ကတည်းက နေရာကျဥ်းကျဥ်းလေးတွေ ဒါမှမဟုတ် လူစည်ကားတဲ့နေရာတွေကို ကြောက်သည်။ အခုဓာတ်လှေကားကနေ ဆင်းပြီး တစ်ယောက်ယောက်ဝင်လာတိုင်း သူစိတ်တွေကတင်းကျပ်လာလိမ့်မည်။ ဒါကြောင့် သူက အလျင်စလိုဝင်လာတဲ့သူကို လျင်မြန်စွာဘဲ ​​ရှောင်တိမ်းခဲ့သည်။ မုရှောင်ယကလည်း သတိထားမိပြီး လူနှစ်ဦးကြား၌ မတ်တပ်ရပ်ရန် ရှေ့သို့တစ်လှမ်းတိုးလာသည်။ ထို့နောက် ပိုင်ချွမ်း အားနှစ်သိမ့်လိုက်သည်။“ ကောင်းပြီ၊ ကျွန်မတို့ထွက်ရအောင်”

"တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ ကျွန်တော် ... " ဒီအချိန်မှာ အလျင်စလိုဝင်လာတဲ့သူကလည်း ဓာတ်လှေကားထဲမှာ အခြားသူတွေရှိနေတာကို တွေ့သွားခဲ့သည်။  သူကသူ့မဆင်မခြင်ပြုမူမှုကို နားလည်ပြီးတောင်းပန်ခဲ့သည်။ သူ မော့ကြည့်ပြီး ဓာတ်လှေကားမှာ ဘယ်သူလဲဆိုတာတွေ့လိုက်တဲ့အခါမှာတော့ သူ့ရဲ့တောင်းပန်စကားက အံ့သြနေ​တဲ့ အသံဖြစ်သွားသည်။"ဒုတိယသခင်လေး ပြန်လာပြီလား.."

ထိုလူကစိတ်လှုပ်ရှားသွားပြီး ပိုင်ချွမ်းရဲ့လက်မောင်းကိုဆွဲလိုက်သည်။  ပိုင်ချွမ်းက သူ့နှုတ်ခမ်းကိုကိုက်လိုက်ပြီး လက်ကိုရှောင်လိုက်သည်။ မုရှောင်ယက သူမလက်ကို လျင်မြန်စွာမြှောက်လိုက်ပြီး ထိုလူ၏လှုပ်ရှားမှုအားပိတ်ဆို့လိုက်သည်။ "တောင်းပန်ပါတယ်၊ သူကအခြားသူတွေ သူ့ကိုထိတာကို​ မကြိုက်လို့ပါ"

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား (ဘာသာပြန်)  [Complete]Where stories live. Discover now