အပိုင်း ၁၅

3.7K 591 10
                                    


Unicode

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၁၅ -  အနာဂတ်

ကောင်းစွာအိပ်စက်ရတဲ့ညတစ်ညဖြစ်ခဲ့သည်။

အပြင်မှာ နေက မြင့်ပြီး တောက်ပနေပေမယ့် မုရှောင်ယက တင်းကျပ်စွာပိတ်ထားတဲ့ လသာဆောင်ပေါ်က ကုလားကာတွေကြောင့် နေရောင်ခြည်ကို မခံစားနိုင်ခဲ့ဘူး။ လက်ကိုင်ဖုန်းကိုဖွင့်လိုက်ချိန်မှာ  9.30 လောက်ရှိနေပြီဆိုတာ သိလိုက်ရတော့ ချက်ချင်းထအော်ပြီး ထထိုင်လိုက်သည်။

"ငါသေတော့မယ်၊ ငါသေတော့မယ်၊ ဘာလို့ ကိုးနာရီကျော်နေပြီလဲ။" မွန်းတည့်အထိက သူမအိမ်မှာ အိပ်တာက အရေးမကြီးပေမယ့် ပိုင်ချွမ်းရဲ့ အိမ်မှာ ရှိနေတာလေ။

မုရှောင်ယက ဝမ်းနည်းပူဆွေးရင်း ကုတင်ပေါ်မှထကာ မနေ့က သူမဝတ်ထားသည့် အဝတ်အစားများကို ရှာဖွေဖို့ ကြံစည်ကာ ခြေဗလာနဲ့ ရေချိုးခန်းကိုပြေးသွားခဲ့သည်။ ရလဒ်ကတော့ နေ့တစ်ဝက်လောက် လိုက်ရှာခဲ့တာတောင် ကြိုးတစ်ချောင်းတောင် မတွေ့ခဲ့ပေ။

ငါ့အဝတ်တွေကော။

"နိုးပြီလား။"  ထိုအချိန်တွင် ပိုင်ချွမ်းက သန့်ရှင်းသပ်ရပ်တဲ့ အသွင်အပြင်နဲ့ ရေချိုးခန်းတံခါးဘက် ရုတ်တရက် ပေါ်လာပြီး အလွန်လန်းဆန်းနေပုံရသည်။

"ရှောင်ချွမ်း။ ကျွန်မအဝတ်အစားတွေ ဘယ်ရောက်နေလဲ သိလား။ "  မုရှောင်ယက မေးလိုက်သည်။

“အိမ်အကူက လျှော်ဖို့ ယူသွားတယ်” ပိုင်ချွမ်းက ပြန်ပြောလိုက်ပြီး မုရှောင်ယရဲ့ ခြေဗလာကို သူ့မျက်လုံးတွေက စိုက်ကြည့်နေသည်။

"လျှော်လိုက်တာ။ ဒါဆို ကျွန်မကဘာဝတ်ရမှာလဲ။ " မုရှောင်ယမှာ ခါးသီးတဲ့ မျက်နှာရှိနေပြီး ပိုင်ချွမ်းရဲ့ တီရှပ်ကို ဝတ်ထားရုံနဲ့ ထွက်မသွားနိုင်ဘူးဆိုတာ သေချာသည်။

ပိုင်ချွမ်းက ဘာမှပြန်မပြောလာဘူး။ သူက မုရှောင်ယဆီ လျှောက်သွားကာ ရုတ်တရက် သူ့ခါးကို ကိုင်းလိုက်ပြီး အလျားလိုက် သယ်ဆောင်သွားသည်။

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား (ဘာသာပြန်)  [Complete]Where stories live. Discover now