အပိုင်း ၅၆

2.8K 402 4
                                    

Unicode

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၅၆ - ချစ်သူများနေ့လက်ဆောင် - 3

ငါးနာရီတွင်

အလုပ်ကပြန်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့ မုရှောင်ယက ပိုင်ချွမ်းဆီက မက်ဆေ့ချ်ကို ရုတ်တရက်လက်ခံရရှိပြီး အံ့သြတဲ့အသံထွက်လာသည်။

"ဘာမှားလို့လဲ။"  ဖန်းဟော်က မေးသည်။

"ရှောင်ချွမ်းက အချိန်ပိုအလုပ်ဆင်းမယ်လို့ ပြောတယ်"  မုရှောင်ယက အံ့အားသင့်သွားသည်။  သူမက ပိုင်ချွမ်းကို အလုပ်ကသွားကြိုပြီး တရုတ်ချစ်သူများနေ့ကို အတူတူဖြတ်သန်းဖို့ နေရာရှာရန် အချိန်အတန်ကြာ စီစဉ်ခဲ့သည်။

“မဖြစ်ပါဘူး၊ ဒီရက်မှာ အချိန်ပိုလုပ်တာလား။.သူ နင့်ကို သတိမရသေးဘူးလား။"  ဖန်းဟွေက အနည်းငယ် အံ့သြသွားကာ မေးလိုက်သည်။

"မဟုတ်ဘူး...  ရှောင်ချွမ်း အရင်က အချိန်ပိုမလုပ်ဖူးဘူး"  အော်တစ်ဇင်လူများ၏ အဓိကထူးခြားချက်မှာ ၎င်းတို့သည် ပုံမှန်ဘဝပုံစံအတိုင်း လိုက်နေခြင်းဖြစ်သည်။

"ဒါဆို ဒီအခြေအနေက ဘယ်လိုလဲ။"

“မေးလိုက်မယ် ”  မုရှောင်ယက ပိုင်ကျန့် WeChat ကိုတွေ့ရှိပြီး မေးလိုက်သည်။ 'တကော ပိုင်ချွမ်း ဒီနေ့ အချိန်ပိုအလုပ်ဆင်းမှာလား။'

ပိုင်ကျန့်လည်း နည်းနည်းထူးဆန်းတယ်လို့ ခံစားမိတဲ့အတွက် 'ငါသွားကြည့်မယ်' လို့ပြန်ဖြေလိုက်သည်။

ငါးမိနစ်လောက်အကြာ ပိုင်ကျန့် စစ်ဆေးမှုပြီးသွားတော့ ပြန်ပြောလာသည်။ 'ဟုတ်တယ်၊ သူက အချိန်ပိုအလုပ်ဆင်းမယ်၊ စိတ်မပူနဲ့၊ သူ့ကို ပြန်ပို့ဖို့ ကားသမားကို ငါစီစဉ်လိုက်မယ် '

"နင့်ရဲ့ ချစ်သူများနေ့ အချိန်ကို ငါနဲ့ပဲ ကုန်ဆုံးနိုင်ပုံရတယ် "  ဖန်းဟော်က မုရှောင်ယ ပခုံးပေါ် လက်ကိုတင်လိုက်ပြီး အနည်းငယ် နောင်တရသလို ပြောလိုက်သည်။

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား (ဘာသာပြန်)  [Complete]Where stories live. Discover now