အပိုင်း ၂၁

3.2K 547 2
                                    

Unicode

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၂၁ - အားလုံးကသက်သောင့်သက်သာမရှိတာတော့မဟုတ်ဘူး

“ရထားပေါ်ကဆင်းရင် တစ်စုံတစ်ယောက်က နင့်ကို လာခေါ်လိမ့်မယ်။ လိုင်စင်နံပါတ်က Rong 888*9 နဲ့”

ပိုင်ချွမ်းက သူတို့၏ ခရီးဆောင်အိတ်ကို ဆွဲထုတ်လိုက်ပြီး မုရှောင်ယက လျန်းနျိုနျိုပြောထားတဲ့ကားအတွက် ဘူတာရုံထွက်ပေါက်ကို ကြည့်လိုက်သည်။  သူတို့ကို လာကြိုဖို့ ကားတစ်စင်း ပို့ပေးမယ်လို့ ပြောခဲ့ပေမယ့် အချိန်အတော်ကြာပြီး လူတွေ လာခေါ်မယ့် ကားကို မတွေ့ခဲ့ရဘူး။

“ဖုန်းနံပါတ်လည်း မပေးထားဘူး”  မုရှောင်ယက ရေရွတ်လိုက်သည်။ လျန်းနျိုနျိုကို သူမဖုန်းဆက်တော့မယ်အချိန်တွင် ကောက်ရိုးဦးထုပ်နှင့် အပေခံတဲ့ အင်္ကျီကို ဝတ်ထားတဲ့ အမျိုးသားတစ်ဦးက သူမကို အဝေးမှ လက်ပြနှုတ်ဆက်နေသည်ကို တွေ့လိုက်ရသည်။

"ဒါက မုရှောင်ယလား။"အဲ့ဒီလူရဲ့အသံက ကျယ်လောင်လွန်းလို့ လမ်းစုံကိုတောင်ဖြတ်ပြီးကြားရသည်။

မုရှောင်ယက အေးခဲသွားပြီး ထိုလူပြေးလာတာကို တွေ့လိုက်ရသည်။ "ကောင်မလေး၊ မင်းက မုရှောင်ယလား။ "

"ကျွန်မပါ ရှင်က..."

"နျိုနျိုက မင်းကိုကြိုဖို့ ဦးလေးကို လွှတ်လိုက်တာ သွားရအောင် ကားက ရှေ့ဝင်ပေါက်မှာ " သူပြောနေရင်း ထိုလူကြီးက ပိုင်ချွမ်း လက်ထဲက ခရီးဆောင်အိတ်ကို လှမ်းဆွဲလိုက်သည်။  သူ့လက်က ခရီးဆောင်အိတ်ကို မထိခင် ပိုင်ချွမ်းက အဝေးကို ရောက်နေပြီဆိုတာကို ဘယ်သူသိမှာလဲ။

ထိုလူသည် လေကိုဆုပ်ကိုင်မိလိုက်ပြီး ပိုင်ချွမ်းကို ထူးဆန်းစွာ တစ်ချက်ကြည့်လိုက်ကာ ပိုင်ချွမ်းရဲ့ တည်ငြိမ်တဲ့ မျက်နှာနဲ့ စကားမပြောတာကို မြင်လိုက်ရသဖြင့် တစ်ခုခုမှားနေပြီလို့ထင်လိုက်သည်။

သူက မြို့ကို ပစ္စည်းတွေ ပို့လိုက်ထားပြီး ချွေးနံ့တွေ အရမ်းပြင်းလို့ မြို့ထဲက လူတွေက အနံ့အသက်ကို မခံကြလို့လား။ ဒါကိုတွေးပြီး အဲဒီလူက ချက်ချင်းတောင်းပန်လိုက်သည်။ “ တောင်းပန်ပါတယ် ငါ့တစ်ကိုယ်လုံးက ချွေးတွေအရမ်းထွက်နေတယ်။  မင်းရဲ့နှာခေါင်းကို ဒုက္ခပေးမိသွားတယ် ”

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား (ဘာသာပြန်)  [Complete]Where stories live. Discover now