အပိုင်း ၄၈

2.7K 415 4
                                    

Unicode

ညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၄၈ - ငါ သူ့ကို ဟိုးအရင်ကတည်းက ကြိုက်နေခဲ့ပြီးပြီ

ပိုင်ချွမ်းက သူ့ဇနီးအတွက် အံ့အားသင့်စေမယ့် 'surprise ' က ရီဖုန်း Group ကို သိသိသာသာ တုန်လှုပ်သွားစေခဲ့သည်။  သူ့ကိုယ်သူ အပြစ်တင်ဆုံးသူကတော့ နောက်ထပ် 2 ပတ်လောက် အမှားရှာပြင်ဆင်ချိန်ရဖို့အတွက် ဒီမိုက်မဲတဲ့ အကြံဉာဏ်ကို ပေးခဲ့တဲ့  Astro မှလွဲပြီး တခြားသူ မဟုတ်ပါဘူး။

နောက်တစ်နေ့နံနက်စောစောတွင်၊ Astro က အခထွထွေမန်နေဂျာ ရုံးခန်းဆီ သွားပြီး ပိုင်ကျန့် ရှေ့တွင်  နှိမ့်ချစွာတောင်းပန်ခဲ့သည်။

"အထွေထွေမန်နေဂျာ၊ ဒါတွေအားလုံးက ငါ့အမှားပါ၊ ဒုတိယသခင်လေးကို အလုပ်ကနေ ဒုတိယသခင်မလေးကို သွားကြိုဖို့ အကြံဥာဏ်ပေးခဲ့တာပါ"  Astroက မည်သည့်အကြောင်းပြချက်မှ ရှာမတွေ့ခဲ့ဘဲ သူ့အမှားကို တစ်ဆက်ထဲပြောချလာသည်။

အရှေ့ ကောင်တာမှ ရှောင်လီကလည်း သူမကိုယ်သူမ အပြစ်တင်ရင်း ပြောလာသည်။ “အဲဒီတုန်းက ကျွန်မ ရှေ့ စားပွဲက မထွက်သွားရင် ဒုတိယ သခင်ငယ်လေး ထွက်သွားတာကို မြင်ခဲ့ရင် ဒုတိယ သခင်လေးကို ခေါ်ယူဖို့ ယာဉ်မောင်းကို ဆက်သွယ်လို့ရတယ် ”  ရှောင်လီရဲ့ တာဝန်တစ်ခုမှာ လုံခြုံရေးအစောင့်ကိုအကြောင်းကြားရန်နှင့် ဒုတိယသခင်လေး ပိုင်ချွမ်းက ကုမ္ပဏီမှထွက်ခွာလိုသောအခါ ယာဉ်မောင်းဆီနဲ့ ကုမ္ပဏီ၏ကားပေါ်ချောမွေ့စွာတက်နိုင်စေရန်ဖြစ်သည်။ သို့သော် ကံမကောင်းစွာပဲ ထိုအချိန်တွင် ပိုင်ချွမ်းက သူမ ဖျော်ရည်တစ်ခွက်သွားယူဖို့ ခဏထွက်သွားချိန်မှာ ထွက်သွားခဲ့တာဖြစ်သည်။

ကုမ္ပဏီအတွင်း ပိုင်ချွမ်းရဲ့ လုံခြုံရေးကို အာမခံဖို့အတွက် ပိုင်ကျန့်က စစ်ဆေးရေးဂိတ်များစွာကို ဖွင့်လှစ်ထားသော်လည်း နောက်ဆုံးတွင် သေးငယ်သောဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာနိုင်သည်။  R&D ဌာနမှလူများက သူထွက်သွားသောအခါ ရှေ့စားပွဲမှ ပိုင်ချွမ်းကိုတွေ့မည်ဟု ထင်ခဲ့သော်လည်း မတော်တဆ ရှောင်လီက အဲ့အချိန်မှာ သူမနေရာမှ ခဏထွက်သွားခဲ့သည်။  ဒရိုင်ဘာက အကြောင်းကြားစာမရသောကြောင့် ရုံးအတွင်း၌ အမိန့်ကိုသာ စောင့်မျှော်နေသည်။

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား (ဘာသာပြန်)  [Complete]Where stories live. Discover now