အပိုင်း ၂၀

3.5K 548 13
                                    

Unicode

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၂၀ - လစာကဒ်လွှဲပေးခြင်း


မုရှောင်ယ သွားချင်တဲ့ ချယ်ရီဥယျာဉ်က သူမသူငယ်ချင်း လျန်းနျိုနျိုရဲ့ ဇာတိမြို့ဖြစ်သော်လည်း သွားဖို့ ဘယ်တော့မှ အခွင့်အလမ်းမရရှိခဲ့ပေ။ သူမအရင်ဘဝတွင် ဘွဲ့ရပြီးနောက် သူမသွား၍မရသောနေရာများကို တွေးနေမိတာကြောင့် မုရှောင်ယက ပိုင်ချွမ်းနဲ့ သူမရဲ့ ဟန်းနီးမွန်းခရီးအဖြစ် သတ်မှတ်လိုက်သည်။ နောက်ပြီး လျန်းနျိုနျိုရဲ့ ချယ်ရီခြံက တောင်ပေါ်ဒေသတွင် တည်ရှိပြီး လျန်းနျိုနျို ကိုယ်တိုင်ကလည်း သူမ ဇာတိမြို့က လှပသပ်ရပ်ပြီး အပြင်ဘက်မှာ အခြားသော ခရီးသွားဧည့်သည်တွေလည်းမရှိပေ။

အရေးအပါဆုံးအရာမှာ တောင်ပေါ်ဒေသရဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ လူဦးရေနည်းပါးမှုတို့ကြောင့်ဖြစ်ပြီး အဲ့ဒါက ပိုင်ချွမ်းကို ပိုသက်တောင့်သက်သာ ဖြစ်စေသင့်သည်။

သူတို့ခရီးဆောင်အိတ်များကို စစ်ဆေးပြီးနောက် လေဆိပ်ကို ပို့ပေးတဲ့ ဦးလေးလီကို နှုတ်ဆက်လိုက်သည်။ နောက်တော့ မုရှောင်ယက ပိုင်ချွမ်းကို စောင့်ဆိုင်းခန်းအတွင်း ခေါ်ဆောင်သွားခဲ့သည်။ ပထမတန်းစားလက်မှတ်များကို ကြိုတင်မှာယူထားသဖြင့် စောင့်ဆိုင်းနေသူ လူများစွာမရှိခဲ့ပါ။ မုရှောင်ယက လျန်းနျိုနျိုကို  ဆက်သွယ်ပြီး လေယာဉ်ဆင်းသက်မည့်အချိန်ကို တွက်ချက်ခဲ့သည်။

လျန်းနျိုနျို; ' နင် လေယာဉ်ပေါ်ကဆင်းပြီးရင် ရထားဘူတာကို တက္ကစီစီးပြီး ရုန်ရှန်းကို သွားမယ့် နောက်ဆုံး ရထားလက်မှတ်ကို ဝယ်လိုက်။  ပြီးရင် နင့်ကိုခေါ်ဖို့ တစ်ယောက်ယောက်ကို ငါစီစဉ်ပေးမယ် '

မုရှောင်ယက မျက်ခုံးပင့်လိုက်သည်; 'ရထားနဲ့သွားဖို့လိုသေးတာလား။'

လျန်းနျိုနျို;‘အဲဲဒါက ကျေးလက်ဒေသတွေမှာ အဆင်မပြေဘူး။ ဒါပေမယ့် လမ်းတလျှောက် ရှုခင်းတွေက တကယ်ကောင်းတယ်။ ရထားကိုယ်တိုင်က သမိုင်းကနေ နုတ်ထွက်သွားတော့မယ့် အစိမ်းရောင် ခြယ်သထားတဲ့ ရထားတစ်စင်းလိုပဲ '

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား (ဘာသာပြန်)  [Complete]Where stories live. Discover now