အပိုင်း ၃၄

3.3K 559 19
                                    

Unicode

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၃၄ - တစ်ခြားတိုက်ခိုက်မှုတစ်ခု

"ဖိနပ်တွေက ဈေးကွက်ထဲရောက်နေပြီ"  စတူဒီယိုတွင် ဖန်းဟော်က မုရှောင်ယဘေးတွင် ကွန်ပျူတာတက်ဘလက်တစ်လုံးနှင့် ထိုင်နေသည်။

"ဘယ်လိုလဲ။ " မုရှောင်ယ မေးလိုက်သည်။  ၎င်းတို့၏အမှတ်တံဆိပ် အမည်ခံဖိနပ်များ၏ ပထမအသုတ်ကို ဖန်းဟော် ဦးလေးရဲ့ သီးသန့်စတိုးမှတစ်ဆင့် ရောင်းချခဲ့သော်လည်း စျေးနှုန်းက ၎င်း၏ဆိုင်ရှိ အခြားဖိနပ်များထက် ၅၀% ပိုများသောကြောင့် ခန့်မှန်းထားသော ရောင်းအားအပေါ် အလွန်အကောင်းမြင်ကြခြင်းမရှိပေ။

ဖန်းဟော်; "ဒီနေ့မွန်းလွဲပိုင်းမှာပဲ အပြီးသတ်ပြီးပြီ၊ မနက်ဖြန်မှ အရောင်းဒေတာကို ငါတို့ ကြည့်ရမှာ။" 

မုရှောင်ယ ; “ညနေပိုင်းနဲ့ တနင်္ဂနွေတွေမှာ အရောင်းရဆုံးအချိန်ပဲ။ ငါတို့ဖိနပ်တွေရဲ့ လူကြိုက်များမှုကို သိဖို့ နှစ်ရက်ခန့် အချိန်ယူရမှာပဲ "

"ငါရုတ်တရက်စိတ်လှုပ်ရှားလာပြီ ငါ ဘာလုပ်ရမလဲ။ " ဖန်းဟော်က မျက်မှောင်ကြုတ်လိုက်သည်။

"ငါတို့ အမြတ်ရှာဖို့ အရေးမကြီးဘူး  ငွေမဆုံးရှုံးရင် ရပြီလို့  နင် ကတိမပေးထားဘူးလား။ နင်အခုဘာလို့.စိတ်လှုပ်ရှားနေတာလဲ။ " မုရှောင်ယ ပြုံးလိုက်သည်။

"မင်းမှာ လုပ်ငန်းတစ်ခုရှိတဲ့အခါ ငွေရှာချင်ပြီး ပိုက်ဆံမဆုံးရှုံးချင်တာက သဘာဝမကျဘူးလား။" ဖန်းဟော်ရဲ့ စိတ်အခြေအနေ မကောင်းဘူး။

“ အိုကေ အခု စဉ်းစားစရာ မရှိတော့ဘူးလား။”  မုရှောင်ယ ကွန်ပြူတာကိုပိတ်ပြီး မတ်တတ်ထရပ်လိုက်ကာ သူ့အိတ်ကို လွယ်လိုက်သည်။ “အိမ်စောစောပြန်ပြီး အိပ်တာက ပိုကောင်းမယ်ထင်တယ်။  ရလဒ်တွေကို မနက်ဖြန်မနက်မှာ သိရမှာပါ”

"မဟုတ်ဘူး၊ ဘယ်အချိန်ရှိသေးလို့လဲ။ နင် အခု အလုပ်က ပြန်နေပြီလား။ " ဖန်းဟော် အချိန်ကို ကြည့်လိုက်တော့ ငါးနာရီတောင် မကျော်သေးပေ ။

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား (ဘာသာပြန်)  [Complete]Where stories live. Discover now