အပိုင်း ၁၁

3.8K 587 6
                                    

Unicode

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၁၁ - အတူထိုင်ခြင်း




နွေရာသီရဲ့ အမြင့်ဆုံးအပူချိန်အောက်မှာပဲ မုရှောင်ယနဲ့ ဖန်းဟော်က နေရာ ၁၀ ခုကျော်လောက် ကြည့်ပြီးနေပြီး နောက်ဆုံး စတူဒီယိုအတွက်သင့်တော်သောနေရာကို ရှာမတွေ့မှီထိဖြစ်သည်။


“ ဒီနေရာက အခုနည်းနည်းတော့ လူနည်းနေသေးပေမယ့် အနီးနားမှား အိမ်ခြံမြေအမြောက်အများအသစ်ထပ်မံဖွင့်လှစ်ထားပြီး အဆင့်မြင့်အိမ်ခြံမြေများ ဖြစ်ပေမယ့် ဒီနေရာမှာ အိမ်တစ်လုံးဝယ်ဖို့ ဒါမှမဟုတ် ငှားရမ်းဖို့က မလွယ်ကူဘူး” ဖန်းဟော်က ရှင်းပြလာသည်။


“ငါတို့စတူဒီယိုကို နောက်ပိုင်းမှာ ပင်မရေစီးကြောင်းအတိုင်း မဟုတ်ဘဲ သာလွန်ကောင်းမွန်တဲ့ ဖောက်သည်စိတ်တိုင်ကျ ဒီဇိုင်းလုပ်ပေးမှာဘဲဟာ။ နှစ်ဝက်မတိုင်ခင်မှာဘဲ  အိမ်တွေ ရောင်းကုန်လုနီးပါးဖြစ်ပြီး ဒီမှာ သက်ဝင်လှုပ်ရှားလာမယ်၊ ပြီးတော့ ငါတို့ စတူဒီယိုကို ဖောက်သည်တွေလည်း အဆက်မပြတ်ဝင်လာလိမ့်မယ်”


“မစ္စစ်ဖန်းမှာ ကောင်းမွန်တဲ့ အမြင်ရှိတာဘဲ။ အခုနေရာက အဆင့်မြင့်ရပ်ကွက် (၂) ခုနဲ့ ကပ်လျှက်ရှိတာကြောင့် ဤဒေသရှိအကောင်းဆုံးနေရာပါ။ ဒီလကုန်အတွင်း လမ်းဆုံနှစ်ခုကြားမှာ ဖွင့်မယ့် ဈေးဝယ်စင်တာတစ်ခုလည်းရှိတယ် ”  အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းအေဂျင်စီက လူက နှစ်ယောက်စလုံးက ငှားရမ်းဖို့ ရည်ရွယ်ချက်ရှိကြောင်း တွေ့ရှိခဲ့သည်။ “ဒီနေရာက လက်ရှိမှာ လူမများသေးပေမယ့် မစ္စစ်ဖန်း ပြောခဲ့တဲ့ အတိုင်းပါပဲ ဒီနေရာက နောက်နှစ်ဝက်အတွင်း စည်ကားပြီး ဖွံဖြိုးလာမယ့်နေရာပါ ဖောက်သည်မလာမှာကို စိုးရိမ်စရာမလိုပါဘူး ”


မုရှောင်ယက ခေါင်းညိမ့်ပြီး မေးလာသည်။.“ ဌားရမ်ခဘယ်လောက်လဲ?”


“အိုက်ယား။.ဒီစျေးကိုလျှော့ချလို့မရတော့ဘူး။ ခင်ဗျားတို့ကို ရိုးရိုးသားသားပြောရရင် ကုမ္ပဏီက လာမယ့်လမှာ စျေးနှုန်းတိုးမြှင့်ဖို့အတွက် အသိပေးချက် ထုတ်ပြန်ပြီးပြီ။ ဒီတော့မင်းတို့နှစ်ယောက် ငှားချင်ရင် အခွင့်အရေးယူပြီး ချက်ချင်းလက်မှတ်ထိုးသင့်တယ်” မင်းငါ့ကိုတတ်နိုင်သလောက်လုပ်ရလိမ့်မယ်။ အေးဂျင့်က သူကိုယ်တိုင် ဒီနေရာကို ငှားချင်တဲ့သူလိုပဲ စိုးရိမ်ခဲ့သည်။


ဖန်းဟော်က မုရှောင်ယဆီက ထင်မြင်ချက်တောင်းခံသလို မျက်ခုံးပင့်ပြလိုက်သည်။


“ ဒီနေရာကို ငါကြိုက်တယ် ငါတို့ငှားရအောင် ” မုရှောင်ယက  ပြန်ဖြေခဲ့သည်။


“အိုကေ၊ စာချုပ်ကိုလက်မှတ်ထိုးရအောင် “ ဖန်းဟော်က ချက်ချင်း လက်ခုတ်တီးပြီးပြောခဲ့သည်။


နှစ်ဦးစလုံးငှားရမ်းခကို လက်မှတ်ရေးထိုးခဲ့သည်။ သုံးနှစ်စာချုပ်ချုပ်ထားပြီး တစ်လစာစပေါ်ငွေပေးခဲ့ကာ ဌားရမ်းခကို သုံလတစ်ကြိမ် ပေးချေသွားမှာဖြစ်သည်။  ကဒ်ပြားကိုထုတ်ပြီး လေးပုံတစ်ပုံပေးဆောင်ပြီးနောက် ကိုယ်စားလှယ်က သော့များကိုထားခဲ့ပြီး ဝမ်းသာစွာနဲ့ ထိုနေရာမှထွက်ခွာသွားခဲ့သည်။


“ ငှားရမ်းခက အရမ်းဈေးကြီးတယ် ” ငွေတောင်းခံလွှာပေးပြီး စာချုပ်ကို သူမလက်ထဲကိုင်ထားပြီးနောက်မှာ ဖန်းဟော် ရုတ်တရက် စိတ်ထိခိုက်လာသည်။


“အခုနင် စိတ်ထိခိုက်နေတယ်။ ဒါပေမယ့် နင်တွန့်ဆုတ်နေတာကိုတော့ မမြင်ဘူး။ တကယ်တော့ ဒီနေရာကကောင်းတယ်မလား”


“အဲ့ဒါနင့်ကြောင့် မဟုတ်ဘူးလား? “ ဖန်းဟော်က မုရှောင်ယကိုပြောခဲ့သည်။ “နင်ဒီကိုရောက်လာတာနဲ့ နေရာကောင်းလေးလို့ ပြောတာမဟုတ်ဘူးလား? နောင်အနာဂတ်မှာ ဒီဇိုင်းတွေကိုဆွဲဖို့ ပိုပြီးစိတ်ဓာတ်တက်ကြွလိမ့်မယ်လို့ ငါထင်ခဲ့တယ် ငါဘယ်လိုမှ မဌားဘဲမနေရဲဘူး...? .”


မုရှောင်ယ ခေါင်းခါရင်း ရယ်လိုက်သည်။ သူမ ဒီနေရာကို တစ်ကယ်ကြိုက်တယ်။ သူမတို့ရွေးချယ်လိုက်တဲ့ နေရာက သုံးလမ်းဆုံဖြစ်ပြီး ရပ်ကွက်နဲ့ ပန်းခြံက သူမတို့ ခပ်လှမ်းလှမ်းမှာရှိပြီး လမ်းမသည်သစ်ပင်များနှင့် ပန်းများပြည့်နှက်နေသည်။ ဤအချိန်တွင် နွေရာသီလယ်လောက်ဖြစ်သော်လည်း မြက်ပင်များမှာအားမာန်အပြည့်ဖြစ်နေသည်။ လမ်းနှစ်လမ်းကို ကြည့်ပြီး သူမကိုယ်တိုင်လန်းဆန်းမှုကို ခံစားနိုင်သည်။


“ဖန်းဟော် ငါတို့ပြန်သွားပြီး အလှဆင်တဲ့အခါ၊ ဒီကြမ်းပြင်ကနေ မျက်နှာကျက် ပြတင်းပေါက်ထိ မှန်နံရံ တပ်ဆင်ကြရအောင်” မုရှောင်ယက လမ်းမျက်နှာစာဘက်ကို ညွှန်ပြလာသည်။ “နောက်ပြီး ငါတို့ ဒီမှာ ဘားလေးတစ်ခုနဲ့ ဆိုဖာအနည်းငယ် ထားမယ်။ ဧည့်သည်တွေလာရင် ဒီမှာထိုင်လို့ရတယ် ”


“အတွင်းပိုင်း ကဖေးပုံစံလေးလား? “


“ အ-အမ်း” မုရှောင်ယ စိတ်အားထက်သန်စွာနဲ့ ခေါင်းညိတ်ပြလိုက်သည်။


“အိုးးးး ... နင်တော့ ပိုက်ဆံက သုံးမလောက် ဖြစ်တော့မှာဘဲ  “ ဖန်းဟော်  ပြုံးလိုက်သည်။


  “ငါငွေကြိုးစားရှာမယ်” မုရှောင်ယက ပြောရင်းနဲ့  လေထဲ လက်သီးဖြင့်ထိုးကာ ကတိပေးခဲ့သည်။


“အကျိုးအမြတ်ရတဲ့အထိ စောင့်ပြီးမှ ဒါကို ထပ်ပြောနိုင်တယ်။  အခုဆို အရာအားလုံးကို ဖြစ်နိုင်သမျှ အမြင့်ဆုံးစံနှုန်းနဲ့ ချွေတာပြီး လက်တွေ့ကျဖို့ လိုတယ် ” ဖန်းဟော်က မဆိုင်းမတွငြင်းပယ်ခဲ့သည်။


“အိုး” မုရှောင်ယလည်း စွန့်ဦးတီထွင်လုပ်ငန်းအတွက် ကနဦးရံပုံငွေမှာ အကန့်အသတ်ရှိကြောင်း သိထားတာကြောင့် နောင်တရစွာနဲ့သာ စွန့်လွှတ်နိုင်သည် ။


“လာ လာ လာ ဓာတ်ပုံရိုက်ကြပြီး အဖွဲ့ထဲပို့ရအောင် ” ဖန်းဟော်က သူမရဲ့ဖုန်းကို စိတ်လှုပ်ရှားစွာနဲ့ ထုတ်လိုက်ပြီး  နှစ်ယောက်စလုံးက သူတို့ရဲ့စတူဒီယိုနဲ့ ပထမဆုံးဓာတ်ပုံကိုဖြည့်စွက်လိုက်သည်။


‘ H & Y စတူဒီယိုကို တရားဝင်တည်ထောင်ခဲ့ပြီ ’


စာတန်းကိုရေးပြီးနောက် သူတို့ကသူတို့ရဲ့သူငယ်ချင်းများကိုပို့လိုက်ချိန် အလုပ်ရှာဖို့ ရုန်းကန်နေရသော ကျောင်းသားအုပ်စုတစ်စုကို ချက်ချင်းဆွဲဆောင်သွားခဲ့သည်။


အတန်းဖော် A -‘သေစမ်း! ငါကိုယ်ရေးရာဇဝင်ပေါင်း တစ်ရာကိုပို့ခဲ့ပြီး ဖုန်းခေါ်ဆိုမှု ငါးခုကိုပဲ လက်ခံရရှိခဲ့တယ်။ ဒါပေမယ့် နင်တို့က နင်တို့ကိုယ်တိုင် ဘောစ့်ဖြစ်လာတယ်! ‘


အတန်းဖော် B – ‘ဘောစ့် မင်းတို့လူစုနေတာလား?  ငါဒီဇိုင်းဆွဲတာအပြင် တခြားအနေနဲ့ လက်ဖက်ရည်နဲ့ရေကိုအသုံးပြုနိုင်တယ် ‘


အတန်းဖော် C – ‘ဘောစ့် ငါအပေါ်ထပ်ကသူထက်ပိုပြီးကျွမ်းကျင်မှုရှိတယ် ငါ ဟာသပြောတာပါ! ‘


အတန်းဖော် B – ‘လှိမ့်လိုက် !’


ဖန်းဟော်က သူမရဲ့အတန်းဖော်တွေကို အနီရောင်စာအိတ်တွေ အကြိမ်ကြိမ်ပို့နေတုန်း တစ်ယောက်ကရယ်ပြီးတုန့်ပြန်လာသည်။ ယွမ်တစ်ရာကျော်ဆုံးပြီးတဲ့ နောက်ဆုံးမှာတော့ မနာလိုဝန်တိုတဲ့ ခွေးရိုင်းတွေကို ကျေနပ်အောင်လုပ်နိုင်သွားသည်။ 


“ဘာလို့ ငါတို့ အဖွဲ့ထဲမှာစကားမပြောတာလဲ၊ ငါ့ကို အနီရောင်စာအိတ်ပို့ခိုင်းတာနဲ့ ငါ့ယွမ်တစ်ရာကျော်ဆုံးရှုံးသွားပြီ “


“ အနီရောင်စာအိတ်တွေ ပို့ဖို့ကိုယ်စားလှယ်တစ်ဦးတည်းပဲလိုတယ်။ ငါ အဖွဲ့ထဲ စကားပြောလိုက်မယ်ဆိုရင် နောက်ထပ်ရာဂဏန်း ပိုပေးနေရမယ်။ နင်တိတ်ဆိတ်စွာနေနိုင်ရင်  ဆုံးရှုံးမှုတွေကို လျှော့ချနိုင်တယ် ” မုရှောင်ယ ပြောလာသည်။


“ဘာဆုံးရှုံးမှုလဲ?”


“ငါ ကံကောင်းတာကိုခံစားမိတယ်။ နင့်ကို ယွမ်ငါးဆယ် ပြန်လုယက်ဖို့ ငါကူညီပေးထားတယ်။ ငါ့ကိုညစာဝယ်ကျွေး  “ သူမကံကောင်းသည့် လောင်းကစားများအကြိမ်ကြိမ်ပြုလုပ်ခဲ့တာကြောင့် မုရှောင်ယ သူမဖုန်းကို ဂုဏ်ယူစွာခါလိုက်သည်။


“မင်းဘာကို သဘောကျနေတာလဲ? အဲ့ဒါကငါ့ငွေပဲ ” ဖန်းဟော်က အံကြိတ်လိုက်သည်။ 


ညအချိန်တွင် အနီရောင်စာအိတ် ပေးပို့ဖို့လိုတဲ့ လူနှစ်ယောက်က နောက်ဆုံးတွင် သူတို့အတွက် ယွမ်ငါးဆယ်ကိုပြန်ယူကြရာ နှစ်ယောက်လုံးခေါက်ဆွဲ တစ်ပွဲစီစားခဲ့ကြသည်။


“စီးပွားရေးလုပ်ငန်းတစ်ခု စတင်ဖို့ ခက်ခဲတာကိုနောက်ဆုံး ငါနားလည်သွားပြီ။ ဒါကအစပဲရှိသေးတယ် ငါခေါက်ဆွဲပဲ စားနေရတယ်” ဖန်းဟော်က ညည်းတွားလာသည်။


“ခေါက်ဆွဲတွေအပြင် နံရိုးတွေလည်း ရှိပါတယ် ” မုရှောင်ယက ဖန်းဟော် သနားစရာကောင်းစွာ အော်ဟစ်နေတာကို ကြည့်နေသည်။ နောက်တော့ သူမပန်းကန်ထဲက နံရိုးတစ်ချောင်းကို တူနဲ့ညှပ်လိုက်တယ်။


“ဒီစတူဒီယို ငှားရမ်းပြီးသွားတာကို ငါ စိတ်သက်သာရာရတယ်။ ဒါပေမယ့် နေ့တိုင်းကိုတွက်ချက်ရရင်တော့ ငါပိုပြီးစိတ်ပူမိမှာပဲ” ဖန်းဟော်က နံရိုးတစ်ချောင်းကို ကိုက်နေစဉ်တွင်သက်ပြင်းချလိုက်သည်။


“ငါပြောမယ် နင် ရုတ်တရက် ဘယ်လိုစိတ်ဖိစီးသွားတာလဲ?  နင်လုပ်ငန်းစလုပ်ချင်တယ်လို့ အရင်ပြောတုန်းကနဲ့ မတူတဲ့ပုံပေါက်တယ် ”


“ဒါက အခု မတူဘူး” ဖန်းဟော်က ပြောလာခဲ့သည်။


“မတူတာကဘာလဲ?”


“ငါစီးပွားရေးလုပ်ငန်းတစ်ခု လုပ်ချင်တယ်လို့ ငါပြောတဲ့အချိန်က နင်က နင်ပါလိမ့်မယ်လို့မပြောခဲ့ဘူး။ ငါ့ကိုယ်ပိုင်ပိုက်ဆံဆုံးရှုံးသွားတာက အဆင်ပြေတယ်။ ဒါပေမယ့် အခုနင့်ရဲ့ပိုက်ဆံတွေကို နင်ရင်းနှီးမြှုပ်နှံလိုက်ပြီ ငါဘာမှစိတ်မပူရဘူးလား?”


“ စိတ်အေးအေးထားပါ၊ အမြတ်ရဖို့ကလွဲလို့ ဘာမှမရှိပါဘူး။ ပိုက်ဆံမဆုံးရှုံးသရွေ့တော့ ငါ့လိုအပ်ချက်က မမြင့်ဘူးလေ အားလုံးအဆင်ပြေတယ် ” မုရှောင်ယက သူမကိုစိတ်သက်သာရာရစေခဲ့သည်။


“ဒီလိုအပ်ချက်က မမြင့်မားတာလား? “ဖန်းဟော် ဒေါသထောင်းကနဲ့ထွက်သွားခဲ့သည်။


“ကောင်းပြီ ကောင်းပြီ ငါ့လိုအပ်ချက်ကို လျှော့ချလိုက်မယ်  “ မုရှောင်ယ ရယ်လိုက်သည်။ “ငါယွမ် ၃၀၀၀၀၀ ကိုဂရုမစိုက်ဘူး၊ ငါ ပိုင်ချွမ်းကို ငါ့ကိုထောက်ပံ့ခွင့်ပေးလိုက်ရုံပဲ”


“တစ်ယောက်ယောက်ကတော့ အံ့သြစရာကောင်းတဲ့ ပံ့ပိုးသူပဲ “ ဖန်းဟော်က မျက်ဖြူလှန်ပြလိုက်ပြီး လေထဲမှာရှူရှိုက်ရင်း စိတ်ရှုပ်ထွေးသွားပြီး နောက်တော့ရုတ်တရက် သူမတစ်ခုခုသတိရသွားသည်။”မနက်ဖြန် နင်တို့ မိဘတွေ တရားဝင်တွေ့တဲ့နေ့ မဟုတ်ဘူးလား? “


“အမ်း “ မုရှောင်ယ ခေါင်းညိတ်လိုက်သည်။


“ ဒါဆိုနင် မနက်ဖြန် ဘာဖြစ်မယ်လို့ထင်လဲ ” ဖန်းဟော်က အတင်းပြောနေတာကို မရပ်တန့်နိုင်ခဲ့ဘူး။


“ဘယ်လို အခြေအနေမျိုးမှာမဆို ကိုင်တွယ်ဖြေရှင်းရမှာပဲမဟုတ်ဘူးလား? ”မုရှောင်ယက စိတ်မသက်မသာနဲ့ပြောလာသည်။ “ငါ့ရဲ့မိဘတွေက ခွင့်ပြုလိုက်ပြီလေ  ဒီတွေ့ဆုံမှုက အိမ်ထောင်ဦးစီးတွေကြားက ထုံးတမ်းစဉ်လာတစ်ခုပါပဲ  ”


“ဒါဆိုရင် ပိုင်ချွမ်းနဲ့ဘယ်မှာနေမှာလဲ? ပိုင်မိသားစုအိမ်မှာနေမှာလား? ခွဲနေမှာလား? “ ဖန်းဟော်က မေးခဲ့သည်။ “ဒီကိစ္စကို မနက်ဖြန်မှ ဆွေးနွေးရမှာ”


မုရှောင်ယ  မျက်မှောင်ကြုတ်လိုက်သည်။ ပိုင်ချွမ်း သူမတို့ အတူနေမယ်ပြောတုန်းက သူမမိဘတွေက လက်ထပ်တာကို သဘောမတူမတူသေးတာကြောင့် မစဥ်းစားခဲ့ဖူးပေ။  အခုတော့ သူမမိဘတွေက သဘောတူပြီးပြီ ဖြစ်၍ ဒီကိစ္စကို ပြောဖို့လိုလာသည်။


“ပိုင်ချွမ်းမှာ အော်တစ်ဇင်ရောဂါရှိတယ်။ သူ့မိသားစုကသူ့ကိုအပြင်မှာ နေခွင့်ပြုမှာမဟုတ်ဘူး။ နင် ပိုင်အိမ်မှာနေရမယ်လို့ ငါထင်တယ် “ မုရှောင်ယရဲ့ အဖြေကိုမစောင့်ဘဲ ဖန်းဟော်က ဆက်ပြီး လေ့လာဆန်းစစ်ခဲ့သည်။


“ သူတို့သေချာပေါက် စိုးရိမ်လိမ့်မယ် ” မုရှောင်ယက အဲ့ဒီအချက်နဲ့ ပတ်သက်ပြီး နားလည်သဘောပေါက်ခဲ့သည်။


“နင် အရမ်းကိုနားလည်ပေးနေတာပဲ။ နင် သူ့ကို ထိခိုက်အောင်လုပ်မှာကို သူတို့လည်းစိုးရိမ်မှာမဟုတ်ဘူး  “


“နင် ဘာကို ချဲ့ကားနေတာလဲ?  ပိုင်ချွမ်းရဲ့မိသားစုအားလုံးက လူကောင်းတွေပါ”


“ နင်သိတဲ့အတိုင်းပဲ ယောက္ခမနဲ့ ချွေးမကြားက ပြဿနာကို ဘာလို့လဲ ဆိုတော့ နင်တို့တွေ အတူတူ နေထိုင်ကြပြီး သေးငယ်တဲ့ သဘောထားကွဲလွဲမှုတွေ ဖြစ်လာလိမ့်မယ်” ဖန်းဟော်က ဆက်ပြောခဲ့သည်။ 


“ပိုင်ချွမ်းမှာ အော်တစ်ဇင်ရှိတယ်၊ သူ့မိဘတွေက သူ့အတွက် စိတ်ပူလိမ့်မယ် နင်တို့နှစ်ယောက်ထဲထားဖို့ စိတ်လျမှာမဟုတ်ဘူး။ နင်အမှားလုပ်မိတဲ့အခါတိုင်း သူတို့ကိုယ်သူတို့ ချုပ်နှောင်ပြီး အတွင်းထဲမှာ သိမ်းထားလိမ့်မယ်၊ အချိန်အတော်ကြာကြာ စုပုံလာတဲ့အခါ တစ်ခုခုတော့ လွဲချော်လာမှာ သေချာတယ် ”


“ငါ အခုမှ လက်ထပ်တာ နင်ငါ့ကို အဆိုးမြင်စိတ်တွေ မပေးလို့မရဘူးလား? ” ရိုးရိုးသားသားပြောရရင် သူမ ပိုင်ချွမ်းရဲ့ လက်ထပ်ခွင့်တောင်းတာကို ပထမဆုံးသဘောတူလိုက်တဲ့အချိန်က သူမ ဒီယောက္ခမ ပြဿနာ၊ ဒီအကြောင်းကို တကယ်မစဉ်းစားမိခဲ့ဘူး။


“တစ်ကယ်လို့ နင်သာသည်းမခံနိုင်ရင် ပိုင်မိသားစုအိမ်မှာ ဘယ်လိုကြာကြာနေမှာလဲ? ဘယ်လို သနားစရာလဲ” ဖန်းဟော်က ခေါင်းခါပြီး  သက်ပြင်းချလိုက်သည်။


“ ငါပြောမယ် နင်ဘာလို့ငါနဲ့ ပိုင်ချွမ်းကို အကောင်းမြင်စိတ်မထားတာလဲ?  ငါအရမ်းချို့တဲ့နေတာလား? ” မုရှောင်ယ သိချင်သွားသည်။ လက်ထပ်လိုက်တာကို ကြေငြာလိုက်ထဲက လူတိုင်းက ဘာလို့ ကန့်ကွက်တဲ့စကားပဲ ဆိုနေရတာလဲ?  


လက်ထပ်စေချင်ခဲ့တဲ့ ဖွားဖွားပိုင်တောင် ရှင်းရှင်းလင်းလင်း စဉ်းစားဖို့ ပြောခဲ့သည်။ သူမတို့သင်္ချိုင်းတွင်ရှိစဉ်ကလည်း ပိုင်ချွမ်းအမေက သူမနောင်တရနိုင်တယ်ဆိုတာကို အရိပ်အမြွက်ပြောခဲ့သည်။ သူမမိဘတွေလည်း ပြောတာကို နှစ်ရက်လောက် စဉ်းစားပြီးမှ ဘာပြောမယ်ဆိုတာ ပြောနေစရာ မလိုတော့ဘဲ ပြီးခဲ့တာတွေကို ပြန်ပြင်လို့ မရတော့တဲ့အတွက် ဝန်လေးပြီး သဘောတူလိုက်ကြသည်။


“နင် ချို့တဲ့နေလို့ မဟုတ်ဘူး၊ ဒါပေမယ့် နင်ရွေးချယ်လိုက်တဲ့လမ်းက အရမ်းခက်ခဲလွန်းလို့ ” ဖန်းဟော် ပြောတာရပ်သွားပြီး ခေါင်းခါလိုက်သည်။  “မေ့လိုက်တော့ နင်လက်ထပ်ထားပြီးပြီ နင့်ကိုဒါတွေ မပြောသင့်ဘူး ”


“ နင်ဘာတွေ စိတ်ပူနေလဲ ငါသိပါတယ်။ စိတ်မပူပါနဲ့။  ငါတကယ်စဉ်းစားပြီးပြီ” မုရှောင်ယ ပြုံးလိုက်သည်။ ဖန်းဟော်က ကြင်နာတတ်တယ်ဆိုတာ သူမသိသည်။  လူတိုင်း ဘာကို စိုးရိမ်ပူပန်တယ်ဆိုတာကိုလည်း သူမသိသည်။ တကယ်တော့ ပိုင်ချွမ်းကိုအရမ်းချစ်တဲ့ ဖွားဖွားပိုင်တောင် တစ်ကြိမ်မက ခိုးငိုတာကို သူမမြင်ခဲ့ဖူးသည်။ 


မုရှောင်ယက ပိုင်ချွမ်းကို တသက်လုံး စောင့်ရှောက်ခဲ့တဲ့ ဖွားဖွားပိုင်လောက် မသန်မာပေ။  သူမ လေးနှစ်ပဲ ပြုစုစောင့်ရှောက်ရမှာမလို့ ဒီလက်ထပ်ပွဲကို သဘောတူခဲ့တာဖြစ်သည်။ လေးနှစ်ကမကြာချေ။ သူနဲ့တသက်တာလက်တွဲဖို့ ကတိမပေးနိုင်ပေမယ့် မုရှောင်ယကတော့ လေးနှစ်ကြာအောင် ဆက်ထိန်းထားနိုင်သည်။


“ ဒါဆို ငါ စိတ်ပူစရာမလိုတော့ဘူး။ နင် ဒါကို ဂရုတစိုက်စဉ်းစားတွေးတောခဲ့ပြီး နောင်အနာဂတ်မှာ တစ်ခုခုဖြစ်ပျက်မယ်ဆိုရင် ဒီအစ်မက နင်ဘက်မှာပဲရပ်မှာ ” ဖန်းဟော်က သူမရင်ဘက်ကို သူမပုတ်ရင်း ဂုဏ်ယူစွာ ပြောလာခဲ့သည်။


“ ကျေးဇူးတင်ပါတယ် အစ်မ ” မုရှောင်ယ  ရယ်လိုက်တယ်။


- စနေနေ့ -


ညနေ ၆ နာရီခွဲတွင် မုရှောင်ယနဲ့ သူမမိဘတွေက ခိုင်ယွဲ့ဟော်တယ်ရဲ့  မန်ယွဲ့ အခန်းတွင် ပိုင်မိသားစုနဲ့ တွေ့ဆုံဖို့အချိန်မီရောက်လာသည်။


နှစ်ဖက်စလုံးက ကျိုးကြောင်းဆီလျော်တဲ့လူတွေဖြစ်ပြီး နှစ်ရှည်လများ ဆက်ဆံခဲ့တဲ့အတွက် လေထုကသဟဇာတဖြစ်ခဲ့သည်။ ခဏတာနှုတ်ခွန်းဆက်ပြီးတဲ့နောက် နှစ်ဖက်စလုံးက သူတို့ထိုင်ခုံမှာနေရာယူခဲ့ကြသည်။


ပိုင်မိသားစုဝင်လေးဦးက စားပွဲခုံ၏ဘယ်ဘက်ခြမ်းတွင်ထိုင်ကြသည်။ မုမိသားစု သုံးဦးမှာညာဘက်တွင်ထိုင်ကြသည်။


“ဆရာ မု ... ဒီနေ့ ... “ ပိုင်ကောယွိက တစ်ခုခုပြောဖို့ပြင်နေချိန်မှာပဲ စားပွဲခုံအဆုံးဘက်မှာ ထိုင်နေတဲ့ ပိုင်ချွမ်းက ရုတ်တရက်ထရပ်လာသည်။  


ပိုင်ချွမ်းရဲ့ ရုတ်တရက် လှုပ်ရှားမှုက လူတိုင်းကိုချက်ချင်း သတိပြုမိသွားစေသည်။ မုမိသားစုက ပိုင်ချွမ်း ဘာလုပ်ချင်တယ်ဆိုတာကို မသိတာကြောင့်ထူးဆန်းနေသည်။ ဒါပေမယ့် ပိုင် မိသားစုက စိုးရိမ်သွားကြသည်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့တွေ့ဆုံပွဲက အလွန်အရေးကြီးသည်။ ပိုင်ချွမ်းသာ မုရှောင်ယ မိဘတွေရှေ့မှာ အမြင်ဆိုးတဲ့တစ်ခုခုလုပ်မိပြီး လက်ထပ်တဲ့ကိစ္စမှာ တုံ့ဆိုင်သွားမှာကြောက်သည်။   


ပိုင်ချွမ်းနဲ့ မုရှောင်ယ အတူနေနေ မနေနေဂရုမစိုက်ဘူးဆိုတဲ့ ပိုင်ကျန့်တောင် သတိထားလိုက်မိသည်။ အရင်တုန်းက ပိုင်ကျန့်အနေနဲ့ မုရှောင်ယ မရှိရင်တောင် သူတို့မိသားစုက ပိုင်ချွမ်းကို ကောင်းကောင်း ဂရုစိုက်နိုင်သေးတယ်လို့ ခံစားခဲ့ရသည်။ သူ့မိဘတွေပြတဲ့  ဗီဒီယိုတွေကို ပိုင်ကျန့် ကြည့်ပြီးတဲ့အချိန်မှာ သူရက်အတော်ကြာ အိပ်မပျော်ခဲ့ပေ။ သူ မဝန်ခံချင်ပေမယ့် မုရှောင်ယက သူ့ညီလေးအတွက် တကယ်အရေးကြီးကြောင်းဝန်ခံရမှာဖြစ်သည်။


ပိုင်ကျန့်က သူ့ညီရဲ့လုပ်ရပ်များကို အနီးကပ်စောင့်ကြည့်ခဲ့ပြီး သူအမှားတစ်ခုခုပြုလုပ်မိလျှင် သူ့ကိုချက်ချင်း ရပ်တန့်ပေးဖို့ အဆင်သင့်ရှိနေခဲ့သည်။


ဒါပေမယ့် ပိုင်ချွမ်းက ဘာမှမလုပ်ခဲ့ဘူး။ သူမတ်တပ်ရပ် လူအများရဲ့အကြည့်အောက်မှာပဲ သူ့နေရာကထသွားပြီး သူနဲ့ဝေးလွန်းတဲ့ မုရှောင်ယကို လှည့်ကြည့်လိုက်တယ်။ သူက သူမဘေးက ထိုင်ခုံကို ဆွဲထုတ်ပြီး ထိုင်လိုက်သည်။ 


“… “


သူက မုရှောင်ယနဲ့ အတူထိုင်ချင်ခဲ့သည်။


ပိုင်မိသားစုတွေ သက်ပြင်းမောချလိုက်ချိန်မှာ မုပါပါးနဲ့ မာမားက ပြုံးလိုက်သည်။ 



…………

TL note - မု စုံတွဲရဲ့ စိတ်နှလုံးက မကြာခင်မှာဘဲ ပိုင်ချွမ်းကို အရည်ပျော်သွားမယ်ဆိုတာသေချာတယ် (* бωб)


မုရှောင်ယရဲ့အကျင့်စာရိတ္တက လက်တွေ့ကျတယ်ဆိုတာကို နားလည်ပါတယ်။ ဆိုလိုတာက autistic လူတစ်ယောက်နဲ့ လက်ထပ်ပြီး ငါ့ဘ၀တစ်သက်လုံး အသက်ရှင်မယ်ဆိုရင်တောင် ကိုယ့်ကိုယ်ကိုမသေချာဘူး (´・ ω ・`)


ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား (ဘာသာပြန်)  [Complete]Where stories live. Discover now