အပိုင်း ၃၂

3.2K 503 8
                                    

Unicode

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၃၂ - အလုပ် ပြန်သွားပြီး ဇနီးကို ပံ့ပိုးမယ်

သူတို့က ဖွားဖွားပိုင်ရဲ့ ခြံထဲတွင် အချိန်အတော်ကြာအောင် နေထိုင်ခဲ့ကြပြီး ညစာစားခါနီးအထိ အိမ်မပြန်ခဲ့ကြပေ။

ရှန်ချင်းယီက မုရှောင်ယနဲ့ ပိုင်ချွမ်းတို့ စားရန်အနှစ်သက်ဆုံး ဟင်းလျာများဖြစ်သည့် ဟင်းပွဲတွေကို စားပွဲအပြည့် ပြင်ဆင်ထားပြီးဖြစ်သည်။

  “ မား ပါး ဘယ်အစားအသောက်ကိုစားရတာကြိုက်လဲ။ " မုရှောင်ယက သူမ အကြိုက်ဆုံးဟင်းလျာများကို ခဏလောက် စားပြီးနောက် ရုတ်တရက် ပြဿနာတစ်ခုကို သတိပြုမိသွားသည်။ သူမက သူမ မိဘများနှင့်အတူ တစ်သက်လုံး နေထိုင်ခဲ့ပြီး သူတို့ ဘာစားရတာကြိုက်လဲဆိုတာကို သူမ သတိမထားမိခဲ့ပေ။

"ဘာလို့ရုတ်တရက်မေးတာလဲ။ " ရှန်ချင်းယီက ထူးထူးခြားခြားမေးသည်။

“သမီး သိချင်တာက ဘာလို့လဲဆိုတော့ ငယ်ငယ်ကတည်းက အမေက သမီးအကြိုက်ဆုံး ဟင်းလျာ လုပ်ထားလို့။ သမီး ဘာကိုအကြိုက်ဆုံးလဲဆိုတာ မသိဘူး။"

“လက်ထပ်ပြီးတာနဲ့ မတူတော့ဘူး။ နောက်ဆုံးတော့ မင်းရဲ့မိဘတွေကို ဘယ်လိုချစ်ရမလဲဆိုတာ သိသွားပြီ" ရှန်ချင်းယီရဲ့ မျက်နှာက ပျော်ရွှင်သွားသည်။

“မား ~~” မုရှောင်ယက ရင်ထဲက တိုးတိုးတိတ်တိတ် တောင်းပန်ခဲ့သော်လည်း သူမ၏ နှလုံးသားက အပြစ်ရှိစိတ်နှင့် ပြည့်နေသည်။ 'သူမမိဘတွေအတွက် ဘာလုပ်ပေးနိုင်လဲ နည်းနည်းလေး ဖြစ်ရင်တောင်......'

"ငရုတ်သီး ဝက်သားကြော်နဲ့ ဝက်နံရိုးပြုတ်" ပိုင်ချွမ်းအသံက ရုတ်တရက် ထွက်လာသည်။

  ပိုင်ချွမ်းက ဤဟင်းနှစ်မျိုးကို ရုတ်တရက် ပြောလာပြီး မုမိသားစု အဖွဲ့ဝင် သုံးဦးက ချက်ချင်း အံ့အားသင့်သွားခဲ့သည်။ မုရော့ကျုံးက သိချင်စိတ်နဲ့မေးလိုက်သည်။ "ပါး ဝက်နံရိုးပြုတ်စားရတာကို ကြိုက်မှန်း မင်းဘယ်လိုသိတာလဲ။ "

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား (ဘာသာပြန်)  [Complete]Where stories live. Discover now