အပိုင်း ၅၃

2.8K 410 4
                                    

Unicode

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၅၃ - မိသားစုကို ဂရုစိုက်ခြင်း

နောက်နေ့မနက်

မနက်စာစားပြီးနောက်၊ လူတိုင်း အလုပ်သွားခါနီးတွင် မုရှောင်ယက  ရုတ်တရက် လူတိုင်းကို အော်ခေါ်လိုက်သည်။ "ပါး တကော ခဏလောက်စောင့်ပါဦး။ ရှောင်ချွမ်းမှာ ပြောစရာရှိတယ်"

"ရှောင်ချွမ်းက ငါတို့ကိုပြောစရာရှိလို့လား။"  ဒါက မမျှော်လင့်ထားဘူး။ သူတို့က သူတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သော ပိုင်ချွမ်းကို စိတ်ဝင်တစားကြည့်လိုက်မိကြသည်။

ပိုင်ချွမ်းက မုရှောင်ယ အားပေးသည့် မျက်လုံးများအောက်တွင် မတ်တပ်ရပ်ကာ သူ့နှင့် ဆန့်ကျင်ဘက် လူသုံးဦးကို ကြည့်ပြီး ပြောလိုက်သည်။ "ကျွန်တော် တောင်းပန်ပါတယ်။ ဒါပေမယ့်...ကျွန်တော်တို့ အိမ်တက်ပွဲကို မလာစေချင်သေးဘူး"

“…” မုရှောင်ယ မျက်နှာပေါ်က အပြုံးက အေးခဲသွားသည်။ ပိုင်ချွမ်းကို အော်လိုက်ချင်တယ် အဲ့နောက်က စာကြောင်းက ဘာကိုဆိုလိုတာလဲ။

“…” ပိုင် မိဘများ- ဒါက တောင်းပန်မှုလား။ ဒါမှမဟုတ် ဒုတိယအကြိမ် ရန်စမှုလား။

"ရပြီ "  ပိုင်ကျန့် အမူအရာမှာ ပြောင်းလဲခြင်းမရှိပေ။ လက်ကို လက်သုတ်ပဝါဖြင့် သုတ်ကာ ထ ထွက်ခွာသွားသည်။ ခွင့်လွှတ်သည် မခွင်သည်ကို မသိရပေ။

"ဟဲဟဲ ကိစ္စမရှိပါဘူး၊ ပါးနဲ့မားက စိတ်မဆိုးပါဘူး"  လီရုံက တစ်ခဏမျှ တောင့်တင်းသွားပြီးနောက်၊ သူမက ဝါကျ၏ ဒုတိယတစ်ဝက်ကို လျစ်လျူရှုကာ ပထမသုံးလုံးကိုသာ နားထောင်ရန် ဆုံးဖြတ်ခဲ့သည်။

"ဟုတ်တယ် ရှောင်ချွမ်း အဲဒါကို စိတ်မပူပါနဲ့ "  ပိုင်ကောယွိကလည်း သူ့သားကို နှစ်သိမ့်ပေးသည်။  ပိုင်ချွမ်းက သူတို့ကို ပထမဆုံးအကြိမ် တောင်းပန်ခဲ့တာ။

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား (ဘာသာပြန်)  [Complete]Where stories live. Discover now