အပိုင်း ၄၉

2.6K 394 2
                                    

Unicode

ညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၄၉ - ဆန့်ကျင်မှု

ပိုင်ချွမ်းရဲ့ အခြေအနေက အမြဲတမ်း ကောင်းမွန်နေပေမယ့် သူမက ပရော်ဖက်ဆာဖန်ကို အနည်းဆုံး တစ်လတစ်ကြိမ် တွေ့ဖို့ လိုသေးသည်။  ဒါက ပုံမှန်စစ်ဆေးမှုတစ်ခုဖြစ်ပြီး ကုသဖို့မလိုအပ်ပါဘူး၊ ဒါက ပါမောက္ခ ဖန် ပိုင်ချွမ်းရဲ့ လက်ရှိစိတ်အခြေအနေကို နားလည်နိုင်စေဖို့ ရိုးရှင်းတဲ့စကားပြောဆိုမှုတစ်ခုပဲ ဖြစ်သည်။

ပိုင်ချွမ်း ငယ်ငယ်တုန်းက ဒီကိစ္စတွေကို ဖွားဖွားပိုင်က ဂရုစိုက်ခဲ့သည်။  နောက်ပိုင်း ဖွားဖွားပိုင် အသက်ကြီးလာသောအခါ ပိုင် မိသားစုက ပိုင်ချွမ်းကို ပုံမှန်စစ်ဆေးမှုလုပ်ဖို့ အလှည့်ကျလုပ်ဆောင်ခဲ့သည်။ အခု ပိုင်ချွမ်း အိမ်ထောင်ကျပြီးသည့်နောက်တွင် ဤတာဝန်က မုရှောင်ယအပေါ် သဘာဝအလျောက် ကျရောက်လာသည်။

"အထဲ မဝင်ချင်ဘူး" ကျန်းမာရေးစင်တာဝင်ပေါက်ကို ရောက်တော့ ပိုင်ချွမ်းက စိတ်မချမ်းသာစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

“ကျွန်မတို့ ဝင်ပြီး နာရီဝက်လောက်နေမယ်၊ ပါမောက္ခဖန် နဲ့ နည်းနည်း စကားနည်းနည်းပြောပြီး ပြန်မယ်လေ။   ပြီးရင် နေ့လည်စာ သွားစားလို့ရတယ်။ နေ့ခင်းကျရင် ပရိဘောဂစင်တာထဲက ပရိဘောဂတချို့ကို သွားရှာကြည့်ရမယ်လေ ” မုရှောင်ယက ချော့လိုက်သည်။

"ပရိဘောဂတွေဝယ်ပြီးရင် အိမ်ပြောင်းလို့ရပြီလား။"  ပရိဘောဂတွေအကြောင်း ကြားတော့ ပိုင်ချွမ်းရဲ့ အမူအရာက ပိုကောင်းလာသည်။

" အဲ့ဒါမှန်တယ် ပရိဘောဂတွေအကုန်ဝယ်ပြီးရင် အိမ်သစ်ကိုပြောင်းလို့ရပြီ"

“အဲဒီအချိန်ဆို မင်းက ငါ့အတွက် ထမင်းချက်လို့ရပြီ "

"ရှင်စားချင်​တာမှန်သမျှ ကျွန်မချက်​ပေးမယ် နောက်တော့ ရှင်ဘာလုပ်​မှာလဲ။"  မုရှောင်ယက ရယ်မောမိလိုက်သည်။ ပိုင်ချွမ်းက သူမ သူ့အတွက် ထမင်းချက်ဖို့ အရမ်းကြိုးစားနေသည်။

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား (ဘာသာပြန်)  [Complete]Where stories live. Discover now