"ယောက်ဖတော်ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ပါဘူး
ကျနော် ကိုယ့်အားကိုယ်ကိုးကြည့်ပါ့မယ် "

"မဟုတ်တာ ဒီလိုဆို
ကိုယ်တော်ကိုယ်တိုင် ဒီကသခင်လေးကို လမ်းပြပါ့မယ်
နူးညံ့သိမ်မွေ့တဲ့ ကောတွေအတွက် နန်းတော်က အန္တရာယ်များလွန်းလှပါတယ် "

ချန်မော့ ဝင်ပြောခွင့်တောင်မရ အတိုင်ဖောက်ညီနေတဲ့ နှစ်ယောက်ကြောင့်
စိတ်တွေက ထိန်းချုပ်မရတော့
ပေါက်ကွဲချင်လာသည်
ဘာကိုစိတ်ဆိုးသွားမှန်းမသိတဲ့ ကျီ သခင်လေးဟာလည်း
သူ့အား မျက်စောင်းတခဲခဲနှင့် အိမ်ရှေ့စံနောက် ပါသွားလေသည်
ချန်မော့မှာတော့ ထိုနှစ်ယောက်အားကြည့်ရင်း စိတ်ထဲ ပူလောင်နေရုံမှတစ်ပါး

........

"ဒီက ကျီသခင်လေးနဲ့ နောက်တစ်ခါဆုံခွင့်ရချင်ပါသေးတယ် "

နန်းတံခါးနားရောက်တော့ အိမ်ရှေ့စံက
ပြောလာခြင်းဖြစ်တာမို့
ရှောင်းကျန့် ခေါင်းငြိမ့်ကာ လက်ခံလိုက်သည်

"ကျနော်လည်း အိမ်ရှေ့စံရှိတဲ့ နန်းတွင်းကို မကြာမကြာ လာဖြစ်တော့မယ် ထင်ပါတယ် "

ကျီသခင်လေးရဲ့ စကားကြောင့် အိမ်ရှေ့စံမှာ
မိန်းမပျိုလေးလို မနေတတ်ဖြစ်သွားရကာ
ရှက်ရှက်နဲ့သာ ထရီတော့သည်

"ကောတွေက လှရုံပဲမဟုတ်ဘူးနော်
စကားနဲ့ပါ ရင်ခုန်အောင် လုပ်တတ်ပုံပဲ "

"စကားနဲ့တင်ဆို ဘယ်လုံလောက်ပါမလဲ အိမ်ရှေ့စံရဲ့ "

ရှောင်းကျန့် ပြောပြောဆိုဆိုပဲ
အိမ်ရှေ့စံရဲ့ရင်ဘတ်မှ အကျီစအား ဆွဲကာ မျက်နှာချင်း နီးကပ်စေပြီး အကြည့်ချင်းဆုံစေလိုက်သည်
ထိုအချိန်ကြားလိုက်ရတဲ့
တစ် ဒုတ် ဒုတ်အသံဟာ
သေချာပေါက် တစ်ယောက်သောသူဆီက

"အိမ်ရှေ့စံအပေါ် ရိုင်းပြတဲ့ အပြုအမူမျိုးလုပ်တာတောင် မင်းက ချစ်ဖို့ကောင်းနေတုန်းပဲ ကျီသခင်လေး "

ရှောင်းကျန့်သူလိုချင်တဲ့ အခြေအနေတစ်ခုကို ရောက်ပြီမလို့ အိမ်ရှေ့စံအား ဆွဲထားတဲ့ လက်ကို လွှတ်ပေးလိုက်ပြီး
ရှက်ဟန်ဆောင်ကာ

ဆန်းဆန်းကြီးsystem [complete]Where stories live. Discover now