အခန်း (၆၉) တပည့်ဆိုးက ပြဿနာထပ်တက်ပြန်ပြီ

Start from the beginning
                                    

ကျောက်ရှော၏ အမူအရာက သုန်မှုန်သွားကာ မေးလိုက်တော့သည်။ “ကျုပ်ရဲ့မိတ်ဆွေ ... အစောပိုင်းက ဒီဆရာကြီးကို ဘယ်လိုခေါ်လိုက်တာလဲ”

“ဆရာကြီးလေ ဘာဖြစ်လို့လဲ” ကျန်းအိုက်ကျန့်က ပြောင်ချော်ချော်ပြောလိုက်တော့သည်။

“ဆရာကြီးလား”

ကျန်းအိုက်ကျန့်က ကျောက်ရှောကို အကဲဖြတ်သည့်အကြည့်ဖြင့်ကြည့်လိုက်၏။ သူက လျှာနှုတ်ခမ်းသပ်ကာ ပြောလိုက်တော့သည်။

“ခင်ဗျားရဲ့ ဝတ်စားပုံအရ အရာရှိတစ်ယောက်ရဲ့ အိမ်တော်က လူတစ်ယောက်ပဲဖြစ်ရမယ်။ ဆရာကြီးကို ဒီလောက်အကြာကြီး စကားပြောနေတာ သူက ဝါရင့်ကိုယ်တော်တစ်ပါးဆိုတာ မသိဘူးလား” သူက တည်ငြိမ်စွာပြောနေ၏။ သူ၏ စကားထဲတွင် ထေ့ရိသည့် အရိပ်အယောင်မရှိချေ။ ထိုအရာရှိက တုံးအကြောင်း သူသိလိုက်ရသော်ငြား သူ့ကို ရန်စရန် မလိုအပ်ချေ။ ကျောက်ရှောကို ရိုးရိုးသားသား ပြောဆိုရန်သာ သူ ဆုံးဖြတ်ခဲ့၏။

လုကျိုးက မုတ်ဆိတ်မွေးကို သပ်ကာပြောလိုက်တော့သည်။

“ကျန်းအိုက်ကျန့် မင်းရောက်လာတာနဲ့အတော်ပဲ။ မင်းကို မေးစရာတွေရှိတယ်”

ကျန်းအိုက်ကျန့်က ပြုံးပြီးပြောလိုက်သည်။ “ကြိုက်တာမေးပါ ဆရာကြီး ကျွန်တော်သိသမျှ အားလုံး ပြောပြပါ့မယ်”

ထိုစဉ် တော်ဝင်အစောင့်က ကျောက်ရှောဆီသို့ ရောက်လာပြီးနောက် နားနားကပ်ကာ တီးတိုးပြောလိုက်သည်။ အမူအရာကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော်ငြား တော်ဝင်သက်တော်စောင့် ၏ စကားကို ကြားသောအခါ မထိန်းနိုင်ခဲ့ပေ။ လုကျိုးအပေါ်သူ၏ သဘောထားက ပိုတောင်နူးညံ့ သွားကာ လုကျိုးကို အရိုအသေပေးပြီးပြောလိုက်၏။

“ဆရာကြီးက ဝါရင့် ဗုဒ္ဓကိုယ်တော်တစ်ပါးကိုး ကျွန်တော် မသိခဲ့ပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော် မသိတတ်တာအတွက် ခွင့်လွှတ်ပေးပါ ဆရာကြီး”

ကောင်းတယ် ငါဘယ်သူဘယ်ဝါဆိုတာက နည်းနည်းလေး လွဲချော်သွားတဲ့ပုံပဲ။

လုကျိုးသည် ဝါရင့်ဗုဒ္ဓကိုယ်တော်တစ်ပါး မဖြစ်ချင်ပေ။ သို့သော် ဝါရင့်ဗုဒ္ဓကိုယ်တော်တစ်ပါး ဖြစ်စေခြင်းက သူ့ကို မည့်သည့်နည်းနှင့်မဆို မထိခိုက်စေသောကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခံပြီး ရှင်းပြမနေတော့ချေ။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now