အခန်း (၆၈) နန်းတော်မှ ပညာရှင်

Start from the beginning
                                    

လုကျိုးက ပိအန်းသည် သူ့အမှတ်များ ရလာဖို့ ကူညီပေးနိုင်ကြောင်း အံ့ဩစွာ တွေ့လိုက်ရသည်။ ပြောရလျှင် ကုသိုလ်ရမှတ်များ ရဖို့ မလွယ်လှပေ။ သူက ခွန်အားလေးချိုးတစ်ချိုး စိတ်ဝိညာဉ်သဏ္ဌာန် ဝယ်ရန် အမှတ်ငါးရာလောက် လိုနေသေး၏။

သူက ပြစ်ချက်မဲ့ကတ် တစ်ကတ်နှင့် အသေရိုက်ချက်ကတ် တစ်ကတ်အား ကိုယ်တော်ခုံရွှမ်းအား သတ်ဖို့ သုံးလိုက်ရသည်။ အကယ်၍ သူ့တွက်ချက်မှန်းဆမှုအတွင်း တာဝန်များသာ မပါခဲ့လျှင် ယခုအချိန် မွဲနေလောက်လေပြီ။ ကံကောင်းစွာဖြင့် သူက ကတ်များများ မသုံးခဲ့ပေ။ အကယ်၍ ပြိုင်ဖက်မဟုတ်သူကို ကတ်ဖြင့် သတ်လိုက်ပါက  သူ့အနေနှင့် အကြီးကြီး ဆုံးရှုံးသွားပေမည်။ ထိုကတ်များက စွမ်းအားကောင်းသော်လည်း သူ့စိတ်ကြိုက် အသုံးပြု၍ မရပေ။ သူ့တွင် အသေရိုက်ချက် နှစ်ကတ်နှင့် ပြစ်ချက်မဲ့ နှစ်ကတ်သာ ကျန်တော့သောကြောင့် ချွေချွေတာတာ သုံးရမည်။

လုကျိုးက သူ့ကို ဗြဟ္မာတေး တိုက်ခိုက်ခံရစဉ် ကောင်းကင်ကျမ်း အသက်ဝင်လာသည်ကို ပြန်အမှတ်ရမိလိုက်သည်။ ထိုအရာက ဗြဟ္မာတေး၏ သက်ရောက်မှုအားလုံးကို ချေဖျက်ပေးနိုင်သည်။ သူက တကယ်ကို အံ့ဩသွားမိခဲ့သည်၊

‘ ဒါက ပေလွှာထဲမှာ ပြောထားတဲ့ ထူးခြားစွမ်းအားဆိုတာများလား ’

ထိုအရာကို တွေးမိကာ လုကျိုးက အသက်သွင်းဖို့ ပြင်လိုက်သည်။ သူက ကနဦးချီစွမ်းအားကို လှည့်ပတ်လိုက်ရုံမျှသာ လိုအပ်ပေသည်။ ဤသည်မှာ ကျင့်ကြံသူများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည့် နည်းလမ်းလည်း ဖြစ်ပေသည်။ ကြည့်ရသည်မှာ ထူးခြားစွမ်းအားကို မည်သို့အသုံးချရမည်ကို ရှာဖွေဖို့ နည်းလမ်း မရှိပေ။ ထိုထူးခြားစွမ်းအားက ကိုယ်တော်များစွာ ရွတ်ဆိုနေသည့် ဗြဟ္မာတေးကို လုံးဝ လျစ်လျူရှုထားနိုင်သည့်အထိ စွမ်းအားကြီးမား၏။

ခဏအကြာတွင် လုကျိုးက စနစ်ကို တစ်ချက်ကြည့်လိုက်ကာ  “ ကုသိုလ်ရမှတ်လား ကောင်းကင်ကျမ်းလား … ဘယ်ဟာကို ရွေးရမလဲ။ နောက်ထပ် ကံစမ်းမဲ ဆွဲလိုက်သင့်လား။ ဒါပေမဲ့ ငါ့ကံက အဲလောက်မကောင်းဘူး … ကံစမ်းမဲမှာ သွားစွန့်စားသင့်တယ် မထင်ဘူး”

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now