အခန်း (၆၄) ပိုကောင်းတဲ့လူဆိုတာ အမြဲရှိတယ်

Start from the beginning
                                    

ဝီ ဝီ ဝီ …

ဗြဟ္မာတေးက ပိုမို ကျယ်လောင်လာကာ စင်မြင့်ရှိ လူများထံ လှိုင်းလုံးလိုမျိုး ဝင်ရောက်လာသည်။

လုကျိုးက ရှုံ့တွနေသည့် လက်ကို မြှောက်လိုက်သည်။ သူက သူ့ကျင့်ကြံဆင့်ဖြစ်သည့် အာရုံခံသိပ်သည်းခြင်းနယ်ပယ် အလယ်အဆင့်သည် သူ့အား ဤမျှအထိသာ ခေါ်ဆောင်သွားနိုင်မှန်း သိလိုက်သည်။ သူက လက်တစ်ချက်ခါကာ ကတ်တစ်ကတ် ထုတ်လိုက်သည်။ အကယ်၍ သူသာ ရိုက်ချက်တစ်ချက်တည်းဖြင့် မဟာနတ္ထိဘုရားကျောင်း၏ ခုံရွှမ်းကို သတ်နိုင်ခဲ့လျှင် ကိုယ်တော်များလည်း ခေါင်းဆောင် ပျောက်ဆုံးသွားကာ ရွတ်ဆိုသံများလည်း အလိုလို ရပ်တန့်သွားပေမည်။

သို့သော်လည်း ပြဿနာ တစ်ရပ် ကျန်ရှိနေသေး၏။ ထိုသို့လုပ်လိုက်လျှင် အားလုံး၏ အာရုံစိုက်မှုကို ရယူသလို ဖြစ်သွားပေမည်။ အကယ်၍ အားလုံးရှေ့မှောက်၌ ကျောင်းယွဲ့ကို ခေါ်သွားမည်ဆိုလျှင် သူ့အတွက် အရေးနိမ့်သွားနိုင်သည်။ ခဏတာ တွေးတောလိုက်ပြီးနောက် ကတ်ကို ပြန်သိမ်းထားလိုက်သည်။ သူက ပြစ်ချက်မဲ့ကတ်ဖြင့် အဆိုးရွားဆုံး တိုက်ခိုက်မှုကို ရှောင်ဖို့ ဆုံးဖြတ်ထားလိုက်သည်။ သူ့မျက်နှာအိုကြီးကား တည်ငြိမ်နေဆဲ ဖြစ်၏။

လူအများ၏ စိတ်ထဲတွင် တဝီဝီအသံကြောင့် အနှောင့်အယှက် ဖြစ်နေကြဆဲ ဖြစ်သည်။

“အား အား … ဒီမြည်းကတုံးကောင်တွေက ငါ့ကို ခေါင်းကိုက်အောင် လုပ်နေတာပဲ ” လုကျိုးအနားမှ ကျင့်ကြံသူလေးက ခေါင်းကို အုပ်ကိုင်ထားရင်း မြေပြင်ပေါ် လူးလိမ့်ကာ ပြောလိုက်သည်။

“ အား  အဘိုးကြီး ဘာလို့ ဘာမှမဖြစ်တာလဲ … ”

‘ဟုတ်သား ငါက ဘာလို့ ဘာမှမဖြစ်တာလဲ …’ လုကျိုးက သူ့ပတ်လည်ကို တစ်ချက်ကြည့်လိုက်မိသည်။ အားလုံး၏ မျက်နှာက နာကျင်မှုကြောင့် ရှုံ့တွနေကြကာ ချွေးများလည်း စိုရွဲနေကြသည်။

အသံက ပိုမို ကျယ်လောင်လာကာ ယခင်ထက် အဆများစွာ ပိုကျယ်လာသည်။

လုကျိုးက သူ့ဆီ အသံလှိုင်းကြီးတစ်ခု ရုတ်တရက် ဝင်ရောက်လာသလို ခံစားလိုက်ရ၏။ ဤသည်မှာ ဗြဟ္မာတေး၏ အကြီးမားဆုံး သက်ရောက်မှု ဖြစ်သည်။ သူက ကျင့်ကြံဆင့်နိမ့်သူအားလုံး သွေးအန်ကုန်ကြသည်ကို မြင်လိုက်ရသည်။ ထိုသူများက ဒွါရခုနှစ်ပေါက်မှ သွေးယိုလာခြင်း ဖြစ်ပေသည်။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now