အခန်း (၆၀) ဓားချစ်သူ

Start from the beginning
                                    

“ ဆရာကြီး …” ထိုသူမှာ ဆိုင်ရှင် ဖြစ်၏။

လုကျိုးက ခုတင်ပေါ်မှ ထကာ တံခါးကို ဖွင့်ပေးလိုက်သည့်အခါ တည်းခိုဆောင် ပိုင်ရှင်နှင့် အရာရှိတချို့က ဆီးကြိုနေလေ၏။

ဆိုင်ရှင်၏ မျက်နှာကား ချွေးများ ထွက်နေပြီး သူ့စကားမဆိုနိုင်ခင် အရာရှိ တစ်ယောက်က နှုတ်ဆက်ကာ ပြောလိုက်သည်။ 

“ ဆရာကြီး … ကျို့ဖင်းကို သတ်သွားတဲ့သူကို မြင်မိလိုက်လား ”

လုကျိုးက နားမလည်နိုင်ဟန် ဖြစ်နေသည်။ ကျို့ဖင်းက သေဆုံးသွားပြီလား။ သူက ထိုအမျိုးသားနေခဲ့သည့် အခန်းဆီ လှည့်ကြည့်လိုက်မိသည်။ ရဲမက်နှစ်ယောက်က ဓားကျိုးတစ်ချောင်းဘေးရှိ သွေးအိုင်ကို ရှင်းနေကြသည်။ အခြားသော အရာရှိနှစ်ယောက်က အခန်းကို ရှာဖွေနေကြ၏။ အခန်းကား ဗလာကျင်းနေသော်လည်း သူတို့က ဘာအရိပ်အမြွက်မှ မတွေ့ခဲ့ပေ။

ကျို့ဖင်းသည် နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း ပြန်မတိုက်လိုက်ရဘဲ တိတ်တဆိတ် သေဆုံးသွားခဲ့ရသည်။ ဤသည်မှာ လူသတ်သမားက အနည်းဆုံးတော့ နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ရောက်နေကြောင်း ပြသနေလေသည်။

လုကျိုးက ဘာမှမမြင်ခဲ့ကြောင်း ပြသသည့်အနေနှင့် ခေါင်းခါလိုက်သည်။

အရာရှိက သက်ပြင်းချကာ  “ ကျို့ဖင်းက ဓားဝိဇ္ဇာတစ်ယောက်ပါ။ သူ့ကို သတ်သွားတဲ့သူကလည်း ပညာရှင်တစ်ယောက်ပဲ ဖြစ်ရမယ်။ ခင်ဗျား မသိလိုက်တာ ပုံမှန်ပါပဲ ”

“ ကျို့ဖင်းက တစ်ယောက်ယောက်နဲ့များ ရန်ငြိုးရှိခဲ့တာများလား ” လုကျိုးက မေးလိုက်သည်။

အရာရှိများက မျက်မှောင်ကြုတ်ကာ လုကျိုးအား တစ်ချက်လေ့လာလိုက်ပြီးနောက် မဖော်မရွေပြောလိုက်သည်။ 

“ မပြောသင့်တာတွေကို ထုတ်မပြောနဲ့ ”

ကျို့ဖင်း၏ သေဆုံးမှုက လုကျိုးနှင့် ဘာမှမဆိုင်သော်လည်း လူသတ်သမားက ပညာရှင်တစ်ယောက် ဖြစ်နေသည့်အချက်က သူ့အား ခံစားချက်ဆိုးရွားစေသည်။ အကယ်၍ ယူနန်သာ ထောင်ချောက်ကြီး ဖြစ်နေပြီး သူ နောက်ကျမှ သိခဲ့ရလျှင် ဝေးဝေးနေဖို့ ခက်ခဲလွန်းသွားပေလိမ့်မည်။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now