အခန်း (၄၅) တိုက်ခိုက်ခြင်းက အကောင်းဆုံးခုခံမှု

Start from the beginning
                                    

ဒုတိယအဆင့် ခုခံခြင်းကတ် = ထိခိုက်မှုကို ၃၀ စက္ကန့်သာ ၆၀ ရာခိုင်နှုန်း လျှော့ချပေးသည်။  ကုသိုလ်အမှတ် ( ၃၀၀ )

ခုခံမှုကတ်အားလုံး ရပြီးနောက် ကတ်တစ်ဒါဇင်ကျော်ပေ၏။ လုကျိုး၏လက်ရှိ ကျင့်ကြံစဉ်က အာရုံခံသိပ်သည်းခြင်းနယ်ပယ်တွင်သာ ရှိသေးရာ သူတို့က သူ့အတွက် အသုံးမဝင်ပေ။ ဆိုရလျှင် ထိခိုက်မှု ၉၀ ရာခိုင်နှုန်း လျှော့ချခံရပြီးသည့်တိုင် ကျန်ရှိသည့် ၁၀ ရာခိုင်နှုန်းက သူ့ကိုသတ်ရန် လုံလောက်တာထက် ပိုနေသေး၏။

သူ ခေါင်းခါလိုက်သည်။

“ဒီကတ်တွေက စင်းလုံးချောကတ်လောက်တောင် အသုံးမဝင်ဘူး၊ နေပါဦး အများစုက ဘာကြောင့် ခုခံမှုကတ်ဖြစ်နေတာလဲ၊ စနစ်က ငါ့ကို သူရဲဘောကြောင်တဲ့သူ တစ်ယောက်ဖြစ်အောင် လုပ်နေတာလား၊ ငါ့ကို ပြန်မတိုက်ခိုက်ပဲ လက်ဝေ့အိတ်လို တခြားသူတွေ ရိုက်တာခံစေချင်တာလား၊ ဒါက မိစ္ဆာဂိုဏ်းချုပ်ရဲ့ တိုက်ခိုက်မှု ပုံစံ မဟုတ်ဘူးလေ”

သူက အောက်ကိုဆက်ကြည့်လိုက်သည်။ မေးခွန်းအမှတ်အသားများပါပြီး အညွှန်းတောင်မရှိသည့် ကတ်အနည်းငယ်အချို့သာ ရှိသည်။ စနစ်က ထောင်ချီနယ်ပယ်လေပွေနှင့် အသင်ခြေအထွတ်အထိပ်တို့ ကဲ့သို့ပင် သူတို့၏အညွှန်းများနှင့် ဈေးနှုန်းများကို ဖုံးကွယ်ထားတာ ဖြစ်ရမည်ဟု သူ ခန့်မှန်းလိုက်သည်။ အွန်လိုင်းဂိမ်းဆော့ရတာ နှစ်ခြိုက်သည့်သူများက သူတို့၌သာလွန်သည့် အစွမ်းထက်မှုရှိတာကို သိကြ၏။

ကတ်များအားလုံးကို ကြည့်ပြီးနောက် လုကျိုးသည် စင်းလုံးချောကတ် ၃ ကတ်နှင့် အသေရိုက်ချက်ကတ် ၃ ကတ်ကို ရွေးချယ်လိုက်သည်။ ပေါင်းစည်းမှုက သူ့ကို ခုခံမှုနှင့် တိုက်ခိုက်မှုကို ပေးစွမ်း၏။ ရုတ်တရက် သူက ဆိုးရွားသည့်အကြံ တစ်ခု ရလာသည်။ သူသည် စင်းလုံးချောကတ်နှင့် အသေရိုက်ချက်ကတ်ကို အသုံးပြုခဲ့လျှင် မည်သို့ဖြစ်လာနိုင်သနည်း။ ယင်းသည် အသန်မာဆုံးလှံနှင့် အသန်မာဆုံးဓား၏ ပုံပြင်နှင့်တူနေမည်လား။ သူ မည်ကဲ့သို့ ကြိုးစားနိုင်မည်နည်း။ တွေးမိသောအခါ အနည်းငယ်ရှက်လာမိ၏။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now