အခန်း (၄၄) ဝှက်ဖဲများကို ပြန်လည်စုစည်းခြင်း

Mulai dari awal
                                    

သူ စကားအဆုံးတွင် မျက်လုံးပိတ်ကျသွားကာ အိပ်ပျော်သွားလေသည်။ ထိုအခါ ထူးဆန်းအံ့ဩဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။ မင်ရှစ်ရင် ဝန်းကျင်ရှိ မြေကြီးထဲမှ အစေ့သေးသေးလေးများ ထိုးထွက်လာကာ မျက်စိနှင့် မြင်နိုင်လောက်သည့်အထိ အလျင်အမြန် ကြီးထွားလာကြသည်။ သစ်ကိုင်းများက သေးရာမှာ တုတ်လာပြီး မြေကြီးနှင့် ကျောက်တုံးများကြားမှ ထိုးထွက်လာကာ မင်ရှစ်ရင်ကို ရစ်ပတ်ထားလိုက်ပြီး ယင်ကောင်နှင့် နေရောင်တို့အား ကာဆီးပေးထားလိုက်ကြသည်။

ယဲ့ထျန်းရှင်းက ထိုမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။

“ ဒါက .. ”

သူမက မသိမသာ နောက်အနည်းငယ် ဆုတ်လိုက်မိသည်။ မိစ္ဆာဝေဟင်မျှော်နန်း အရှေ့ဘက်ဝန်းတွင် လူရာချီ ထားလို့ရအောင် ကျယ်ဝန်းသော်လည်း သူမက စိုးရိမ်တကြီး နောက်ဆုတ်သွားလိုက်သည်။ ခဏအကြာတွင် သူမက အဖြစ်အပျက်ကို သဘောပေါက်သွားကာ တီးတိုးရေရွတ်လိုက်မိသည်။

“ရှစ်ရှိုးက သစ်သားပြာကျင့်စဉ်ကို ကျွမ်းကျင်တတ်မြောက်သွားပြီပဲ ”

ဤသည်မှာ သစ်သားပြာ ကျင့်စဉ်၏ အနှစ်သာရ ဖြစ်ပြီး အထွတ်အထိပ်အထိ ကျင့်ကြံနိုင်သည့်အခါ ကျင့်ကြံသူအား ရှင်သန်ထမြောက်စေကာ အသက်အသစ် ပေးနိုင်စွမ်း ရှိ၏။ စမ်းသပ်ချက် ဖြတ်ကျော်ပြီးသည့်နောက်တွင် မင်ရှစ်ရင်က ယဲ့ထျန်းရှင်းနှင့် အဆင့်တူ ကျင့်ကြံသူပညာရှင်တစ်ဦး ဖြစ်လာပေလိမ့်မည်။ သူက နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့်သို့ တက်လှမ်းသွားလိမ့်မည်။

“မိစ္ဆာအိုကြီးက ဘယ်တုန်းက ဒီလောက်ရက်ရောသွားတာလဲ”  ယဲ့ထျန်းရှင်းက သစ်ပင်များ ဖုံးလွှမ်းနေသည့်နေရာကို စိုက်ကြည့်လိုက်မိသည်။

“ ရှစ်စွင်း ”

အပြာဝတ်စုံနှင့် ပုံရိပ်လေးက ကောင်းကင်မှ ဆင်းသက်လာလေ၏။ ဤသူမှာ ရှောင်ယွမ်အာ ဖြစ်ပြီး လှည့်ပတ်ကြည့်လိုက်ပြီးနောက် ယဲ့ထျန်းရှင်းကို မြင်သွားသည်။

“ ရှစ်စွင်း ဘယ်မှာလဲ …  သစ္စာဖောက် ” သူက ခါးထောက်ကာ ယဲ့ထျန်းရှင်းအား နွေးထွေးမှုတချို့နှင့် ကြည့်လိုက်သည်။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲTempat cerita menjadi hidup. Temukan sekarang