အခန်း (၄၂) အသက်ကြီးလေ ဉာဏ်ပိုကြီးလေ

Começar do início
                                    

လုကျိုးက ကောင်းကင်ယံထဲ ပျံဝဲနေကာ လူအုပ်ကြီးကို ငုံ့ကြည့်လိုက်လေသည်။ ထို့နောက် သူ့အကြည့်တို့က တွမ့်မူရှန်းပေါ် ရောက်ရှိသွားကာ  “ တွမ့်မူရှန်း ”

“ ဟုတ် ရှစ်စွင်း ” တွမ့်မူရှန်းက တုန်ယင်သွားလေသည်။

“ အံ့ဖွယ်တစ်ပါးကျင့်စဉ်ရဲ့ နောက်ဆုံးအပိုင်းမှာ ဓားပညာရပ်နဲ့ လှံပညာရပ်တို့ ပါတယ်။ အခု မင်းကို သရုပ်ဖော်ပြမယ်။ ဒါပေမဲ့ တစ်ကြိမ်တည်းမလို့ သေချာကြည့်ထား ”

တွမ့်မူရှန်းက ထိုစကားကို ကြားလိုက်သည်နှင့် အပျော်လွန်သွားလေသည်။ သူက ဂိုဏ်းကို စောစောစီးစီး ဝင်ခဲ့သော်လည်း သူ့တိုးတက်နှုန်းက အခြားတပည့်များထက် နောက်ကျခဲ့ရသည်။ ကျိထျန်းတောက်က သူ့အား ပြီးပြည့်စုံသော အံ့ဖွယ်တစ်ပါးကျင့်စဉ်ကို သင်ပေးခဲ့သော်ငြား သူ့အနေနှင့် နှစ်များစွာ လေ့ကျင့်ပြီးသည့်တိုင် နောက်ဆုံးအပိုင်းကို မကျွမ်းကျင်သေးပေ။ သူက သူ့ဘာသာ လေ့လာနေသောကြောင့် အမှောင်ထုထဲ လမ်းပျောက်သလို ဖြစ်ကာ တိုးတက်မှု နှေးကွေးလှသည်။

လုကျိုးက ဓားအစား လက်ချောင်းများကို အသုံးပြုလိုက်ပြီး ဓားအလင်းတန်းက စွမ်းအားမှ ဖွဲ့စည်းလာကာ သူတို့ဆီ ပေါ်လာသည်။

“ မင်းလက်ချောင်းတွေကို ဓားတစ်ချောင်သဖွယ် ဖွဲ့စည်းလိုက် …. အံ့ဖွယ်ချို့ယွင်းချက် ဖြည့်ဆည်းခြင်း”

လက်ညိုးနှင့် လက်ခလယ်တို့မှ ကြောက်မက်ဖွယ် စွမ်းအားတို့နှင့်အတူ မျက်စိစူးမတတ် အလင်းတန်းလည်း ထွက်ပေါ်လာသည်။ ထို့နောက် ဓားရိုက်ချက်က ဖန်ကျင်းရှန်ဆီ တည့်တည့်မတ်မတ် ဝင်ရောက်သွားတော့သည်။

“ မဟုတ်ဘူး  ….” ဖန်ကျင်းရှန်က အဆုတ်ကွဲမတတ် အော်လျက် သူ့မျက်လုံးများက ပြူးကျယ်လာသည်။ သူ့ဆီမှ အားပြင်းပြင်း စွမ်းအားတစ်ခု ပေါက်ကွဲထွက်သွားပြီး တစ်ချိန်တည်းတွင် ကောင်းကင်အဆင့် ရတနာ အသက်ဝင်လာကာ ရွှေရောင်အလင်းတန်းများ ထွက်လာသည်။

“ ဒါက နဂါးနှလုံးသား အကာအကွယ်လား ”

နဂါးနှလုံးသား အကာအကွယ်၏ အဓိကလုပ်ဆောင်ချက်သည် ကာကွယ်ရေးအတွက် ဖြစ်ပြီး ဖန်ကျင်းရှန်အား ရှုံးနိမ့်ခြင်းမှ ကာကွယ်ပေးထားသည်။ သမာသမတ်ဂိုဏ်း၏ ဂိုဏ်းချုပ်က သူ့အား လွှတ်လိုက်ရသည့် အကြောင်းအရင်းအား အံ့ဩစရာ မလိုတော့ပေ။ သူက နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့်ကို တိုက်ခိုက်နိုင်ရုံသာမက သူ မနိုင်လျှင်လည်း ထွက်ပြေးဖို့ အခွင့်အရေး ရှိသေး၏။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲOnde histórias criam vida. Descubra agora