အပိုင်း ၃၉

3.1K 472 1
                                    

Unicode

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၃၉ - အောင်ပွဲအတွက်လက်ဆောင်တစ်ခု

"ကိုယ်တို့ဘယ်သွားစားမှာလဲ။"  ပိုင်ချွမ်းက သူ၏ပထမဆုံးအကြိမ် အလုပ်စောဆင်းခြင်းကို အထူးတလည် တွယ်တာခဲ့သည်။

"ထမင်းစားချိန်​မ​ရောက်​​သေးလို့ ခဏ​လောက်​​ဈေးဝယ်​ရ​အောင်​"  မုရှောင်ယက ကားမောင်းနေရင်း ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

"ကိုယ်ပြောသားပဲ စားရမယ့်အချိန် မဟုတ်သေးဘူး။" သူ့စည်းကမ်းကို ဖောက်ဖျက်နေရသော ပိုင်ချွမ်းက မသက်မသာ နှာခေါင်းရှုံ့လိုက်ပြီး အနည်းငယ် တိုးတိုးလေး ပြောတာကို မကူညီနိုင်ခဲ့ပေ။

“…” 'ငါ complained တက်ခံလိုက်ရတာလား။ ' မုရှောင်ယက ပိုင်ချွမ်းဆီက  complained တက်ခံလိုက်ရပြီး ထို့ကြောင့် သူမ တမင်ပြန်မဖြေဘဲ ပိုင်ချွမ်း နောက်ဘာပြန်ပြောမလဲဆိုတာကို ကြိုးစားကြည့်ရင်း ကားကို တိတ်တိတ်လေး မောင်းလိုက်သည်။

"ကျွန်မတို့ ခြောက်နာရီခွဲပြီးရင် စားသင့်တယ်"  မုရှောင်ယက  ဤတစ်ကြိမ်တွင် ပိုင်ချွမ်းကို ကူညီဖို့ ဆုံးဖြတ်ခဲ့သည်။

"အခု ငါးနာရီထိုးနေပြီ"  ကုမ္ပဏီ၏အလုပ်ချိန်သည် ငါးနာရီခွဲအထိဖြစ်သည်၊ သို့သော် ၎င်းတို့သည် ယခုထွက်လာနေပြီဖြစ်သောကြောင့် အချိန်မီလုပ်ဆောင်နိုင်မည်ဖြစ်သည်။

ဤစာကြောင်းသုံးကြောင်းကို ပြောပြီးနောက်မှာ ပိုင်ချွမ်းက နှစ်မိနစ်ခန့် ငြိမ်သက်သွားပြီးနောက် ဤဝါကျအတိအကျကို ထပ်ခါတလဲလဲ ပြန်ဆိုခဲ့သည်။

"ထမင်းစားရမယ့်အချိန်မဟုတ်သေးဘူး... ခြောက်နာရီခွဲကျော်မှ စားရမယ်... အခု ငါးနာရီထိုးနေပြီ"  ပိုင်ချွမ်းက ဤစာကြောင်းသုံးကြောင်းကို တိတ်တဆိတ် အပြန်ပြန်အလှန်လှန် တိုးတိုးတိတ်တိတ် ရွတ်နေပြီး နှစ်မိနစ်မှ သုံးမိနစ်ခန့် အကွာအဝေးတွင် ဆော့ဖ်ဝဲလ်တစ်ခုတည်းဖြင့် ပြန်ဖွင့်ထားသကဲ့သို့ပင် သူ မမောမပန်း ထပ်ခါထပ်ခါ ပြန်ဆိုသည်။

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား (ဘာသာပြန်)  [Complete]Where stories live. Discover now