အပိုင်း ၃၅

3.1K 488 8
                                    

Unicode

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၃၅ - စင်ကြယ်သောအကျင့်သီလ ဒါမှမဟုတ် တာဝန်ယူခြင်းက ဘာမှမဆိုင်ဘူး

သူတို့နှစ်ယောက် အိမ်ပြန်ရောက်ပြီး မကြာခင်မှာပဲ မုရှောင်ယကားကို မောင်းလာတဲ့ ဦးလေးလီလည်း ပြန်လာခဲ့သည်။  တံခါးထဲဝင်လိုက်သည်နှင့် ညစာစားဖို့အတွက် ပိုင်ချွမ်းက ထမင်းစားခန်းတွင် တိတ်ဆိတ်စွာထိုင်နေသည်ကို တွေ့မှသာ ပိုင်ချွမ်းကိုတွေ့ဖို့ အမြန်သွားခဲ့သည်။

"ဒုတိယသခင်လေး အဆင်ပြေရဲ့လား။"  ဦးလေးလီက စိုးရိမ်တကြီး မေးလာသည်။

"သူအဆင်ပြေပါတယ် "  မုရှောင်ယက ခေါင်းကို ညင်သာစွာညိတ်ပြသည်။

"ရုတ်​တရက်​ ဘာဖြစ်​သွားတာလဲ။ "  သက်ပြင်းချပြီးနောက်မှာ ဦးလေးလီက မေးလာသည်။ အရင်တုန်းက ပိုင်ချွမ်းအနေနဲ့ အလုပ်သွားခြင်း သို့မဟုတ် ကားထဲတွင်  ပြဿနာမရှိခဲ့ပါ။

“ညနေခြောက်နာရီမှာ ပိုင်ချွမ်းနဲ့ ချိန်းထားတယ်။  သူက ယာဉ်ကြောပိတ်ဆို့မှုမှာ နစ်မြုပ်နေပြီး စိုးရိမ်နေတာကြောင့် ... အဲ့ဒါ ကျွန်မ အမှားပါ” မုရှောင်ယက ကိုယ့်ကိုယ်ကိုသာ အပြစ်တင်နိုင်သည်။

"ဦးလေးက မင်းကို ဘယ်လို အပြစ်တင်ရမှာလဲ။" ပိုင်ချွမ်းက အချိန်မီ အိမ်ပြန်ဖို့ ပျက်ကွက်တာကြောင့် ရုတ်တရက် စိတ်လှုပ်ရှားသွားမယ်လို့ ဦးလေးလီက မမျှော်လင့်ထားသော်လည်း ယင်းကိစ္စမှာ ဒုတိယသခင်မလေးရဲ့ အပြစ်မတင်သင့်ပေ။ အမှားမှာ… ဘယ်ဟာက မှားတာလဲ။

ဒုတိယသခင်လေးက ဇွဲနပဲကြီးလွန်းခြင်း၊ မည်သို့ပြောင်းလဲရမည်ကို မသိခြင်း သို့မဟုတ် သခင်မကြီးရဲ့ နောက်ဆုံးတောင်းဆိုချက်ကို အလွန်အမင်း ဂရုမစိုက်ခြင်းကြောင့် အမှားအယွင်းဖြစ်တာလား။ အပြစ်ပုံချရမည်ဆိုလျှင် တစ်ခုတည်းသော အမှားမှာ ဒုတိယသခင်လေးရဲ့ အခြေအနေကြောင့်သာ ဖြစ်နိုင်သည်။ ဦးလေးလီက သူ့ကိုယ်သူ အပြစ်တင်နေသော မုရှောင်ယကို ကြည့်ကာ ရုတ်တရက် စိတ်မသက်မသာ ခံစားလိုက်ရသည်။ ဒုတိယသခင်လေးနဲ့ ဒုတိယသခင်မလေး နှစ်ဦးစလုံးမှာ ငယ်ရွယ်ပြီး ကောင်းမွန်ကာ ပြီးပြည့်စုံသော စုံတွဲများဖြစ်သည်။  ဒါပေမယ့် ဒုတိယသခင်လေးက ဘယ်လိုဖြစ်နိုင်မှာလဲ.....

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား (ဘာသာပြန်)  [Complete]Where stories live. Discover now