အပိုင်း ၂၉

3.5K 537 8
                                    

Unicode

ညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၂၉ - ရုပ်ပုံဆက် ပဟေဠိ



မုရှောင်ယက စတူဒီယိုအနီး ကားကိုမောင်းသွားသည်။ အဝေးက တံခါးအသစ်စက်စက်ကို မြင်လိုက်ရသည်။ H&Y၊ တံခါးပေါ်တွင် အနုပညာလက်ရာမြောက်စွာ ထွင်းထုထားသော အင်္ဂလိပ်ပန်းပွင့်ကြီး အက္ခရာကြီးနှစ်လုံးက ၎င်းကိုကျော်ဖြတ်သွားသူတိုင်းကို ဒီစတူဒီယိုမှ ဖက်ရှင်ကျကျခံစားနိုင်စေသည်။

မုရှောင်ယက ကားကိုရပ်လိုက်ပြီး တံခါးဆီအမြန်လျှောက်သွားသည်။ သူမတွန်းဖွင့်ဖို့မစောင့်နိုင်တော့ဘူး။

နေရောင်က ကြမ်းပြင်မှ မျက်နှာကျက် ပြတင်းပေါက်မှ ဖြာဆင်းကာ ကြမ်းပြင်ကို တောက်ပစွာ ခင်းထားသည်။ အဘက်ဘက်မှ စိမ်းလန်းစိုပြေသော သစ်ပင်များဖြင့် ဝန်းရံထားပြီး လန်းဆန်းသော ဒီဇိုင်းကြောင့် လူများ ကြည့်သောအခါ သက်တောင့်သက်သာ ဖြစ်စေသည်။ စတူဒီယိုတွင်၊ စားပွဲခုံအများအပြားနှင့် အလုပ်ခုံများစွာတို့နဲ့ တစ်ခုနှင့်တစ်ခု မကပ်ထားတဲ့ ထိုင်ခုံများစွာရှိသည်။ ထောင့်ဘက်တွင်၊ မုရှောင်ယရဲ့ မူလစိတ်ကူးလိုပဲ ကော်ဖီဘားတစ်ခုရှိပြီး ဘားပေါ်တွင်ကော်ဖီကိရိယာမျိုးစုံ တပ်ဆင်ထားသည်။

'ဒါ.. အရင်တစ်ခေါက်က ဖန်းဟော် ပြောခဲ့တဲ့ 'အံ့အားသင့်စရာ' က တကယ်ပဲလား။ '

"နင့်ကြည့်ရတာ မိုက်လွန်းတယ် "  ဖန်းဟော်က ဘယ်ကထွက်လာမှန်းမသိဘဲ သူမကတံခါးဝမှာရပ်နေတဲ့ မုရှောင်ယကို ကြည့်ပြီးလှောင်ပြောင်ခဲ့သည်။

"ဖန်းဟော် အဲ့ဒါ ... နင်ဒါကိုဘယ်လိုလုပ်လိုက်တာလဲ။"  မုရှောင်ယက သူမကိုယ်တိုင် အလှဆင်တာတွေမလုပ်ခဲ့ပေမယ့် သူမမှာအမြင်အာရုံရှိသည်။  ဘားပေါ်မှာကော်ဖီအသုံးအဆောင်တွေ အကြောင်းပြောရမယ်ဆို သင့်မှာသိန်းရာချီမရှိရင် သူတို့ကို ၀ယ်လို့မရဘူး။ အမှန်တော့ သူမကကော်ဖီဘားကို ပထမဆုံးလုပ်ချင်ခဲ့ပေမယ့် အွန်လိုင်းမှာ အလားတူပစ္စည်းတစ်ခုခု ၀ယ်ယူပြီး ဘယ်နေရာမှာမဆို ထည့်သွင်းဖို့စီစဉ်ခဲ့သည်။

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား (ဘာသာပြန်)  [Complete]Where stories live. Discover now