*ပြောကြည့်လေ ဘယ်လိုမျိုးလဲ *

*ပတ်ဖိုက်တို့ အဖွဲ့ကို အိပ်မွေ့လေး ချထားပေးရုံ ပဲ
လွယ်တယ်ဟုတ်*

*အဲ့လောက်ပဲဆိုရင် ရပါတယ် host
ချက်ချင်းဖြစ်စေရမယ်*

*ကျေးဇူး *

Xiao Paing ကျေးဇူးကြောင့် မကြာမီမှာပဲ ပတ်ဖိုက်တို့ တစ်ဖွဲ့လုံး လောကကြီးနှင့် အဆက်အသွယ် ပြတ်တောက်သွားတော့သည်

ထိုအချိန်ခနတာအား ရှောင်းကျန့်မှာ
အမိအရ အသုံးချကာ
ပတ်ဖိုက်ခန္ဓာပေါ်မှ ရှာတွေ့သော
ဖုန်းနှင့် အရေးပေါ်သို့ ဆက်သွယ်ခဲ့သည်
ဤကမ္ဘာသည် အပင် လူသားကမ္ဘာဖြစ်သည့်အလျှောက် အပင်လူသားများအား ကာကွယ်ပေးသည့် ဥပဒေများစွာ ရှိတာကြောင့်
ဒီနည်းလမ်းက ထိရောက်လိမ့်မည်

ရှောင်းကျန့် တွက်ချက်ထားသည့် အတိုင်း
ပတ်ဖိုက်တို့ မနိုးသေးခင်မှာပဲ ရဲသားများ ရောက်လာပြီး ပတ်ဖိုက်တို့ အဖွဲ့ကို ဖမ်းဆီးကာ
အပင်လူသားများအားလည်း ဆေးရုံသို့ ပို့သည်ကပို့ အိမ်သို့ ဆက်သွယ်သူက ဆက်သွယ်

ကလေးပေါက်ကတော့ လက်မလေး နှစ်ချောင်း ထောင်ကာ အတော်ဆုံးဟု ချီးကျူးနေပေမယ့် ရှောင်းကျန့်မှာ မပြုံးနိုင်သေး
ပြသနာက ခနတာ ဖြေရှင်းနိုင်ရုံသာ
အဓိကတရားခံဖြစ်တဲ့ Jolly
ထောင်ကျပြီးမှသာ ငြိမ်းချမ်းလိမ့်မည်
မဟုတ်လျှင်တော့ Jollyဆိုသူက
တတ်နိုင်သမျှ အကောက်ကြံအုံးမှာ အခုလို အခြေအနေမျိုး တွေ ထပ်မရှိနိုင်ဟု မပြောနိုင်ပါ

......

ဌာန၏ ဆက်သွယ်ပေးမှုကြောင့်
သူနဲ့ ကလေးပေါက်ဆီ
Ton ရောက်လာသည်
ဘယ်လောက်စိုးရိမ်နေလဲဆိုတာ
သိသာလှသည်
အတူပါလာတဲ့ Jolly ကတော့မျက်နှာကွက်ခနဲ့ ပျက်သွားတာ ရှောင်းကျန့်သေချာ မြင်လိုက်
ဘယ်လောက်ဆုံးရှုံးသွားလဲ လာလေ့လာတာနေမှာ

"တောင်းပန်ပါတယ်
Plant နဲ့ Peter
ကိုယ့်ကြောင့် မင်းတို့ ထိခိုက်မိတော့မလို့
ကိုယ်ပတ်ဖိုက်ကို အယုံကြည်လွန်သွားမိတယ်"

ပါးစပ်သာ နှစ်ယောက်လုံးကို တောင်းပန်နေတာ လက်ကတော့ Plant တစ်ယောက်ထဲကို
သိမ်းဖက်ထားတာမို့ Peterတို့ နှုတ်ခမ်းဆူနေပြီ တကယ်ဆို ကလေးဖြစ်တဲ့သူ့ကို လန့်မှာစိုးလို့ ပွေ့ဖက်ထားသင့်တာမလား
ခုတော့ ဦးငယ်က သားဟာကိုလုစားနေသလိုပဲ ခံစားနေရတယ်
မကျေနပ်စွာ ဦးငယ်နဲ့ Plant (ရှောင်းကျန့်)ကြား အတင်းဝင်ပြီး ဖက်ထားလိုက်တယ် ဒီလိုဆို နည်းနည်းတော်သေး
ဟွန့် အသက်မြန်မြန်ကြီးပြီး အရွယ်မြန်မြန်ရောက်ပါတော့
ခုတော့ အရွယ်နဲ့မလိုက် သဝန်တိုနေရတာ လူကြားလို့ တောင်မကောင်းဘူး

ဆန်းဆန်းကြီးsystem [complete]Where stories live. Discover now