အခန်း (၃၀) ကျုပ်စကားနားထောင်ပါ သူတို့ကို ရန်မစမိစေနဲ့

Start from the beginning
                                    

“ဘယ်လိုဖြစ်ဖြစ် ကိစ္စမရှိဘူး။ တော်ဝင်တပ်က တံဆိပ်တော်ကို နာခံပေမဲ့ လှုပ်ရှားခိုင်းဖို့တော့ မလွယ်ဘူး။ ဖြစ်နိုင်ခြေက နှစ်ခုပဲ ရှိတယ်။ တစ်ယောက်ယောက် အတုလုပ်ထားတာမျိုး ဒါမှမဟုတ် ဧကရာဇ်ကိုယ်တိုင် သာမန်လူအဖြစ် ရုပ်ဖျက်ပြီး ရောက်နေတာမျိုး … ဒါပေမဲ့ တာ့ယန်က စစ်ပွဲကြောင့် အပူများနေတာဆိုတော့ ဧကရာဇ်က အန္တရာယ်များတာမျိုး လုပ်မှာ မဟုတ်ဘူး ”

“ အဲဒါက အဓိပ္ပာယ်ရှိတယ် ”

ယဲ့ထျန်းရှင်း နှုတ်ခမ်းဖျား၌ အပြုံးလေးပေါ်လာကာ  “ ရှစ်ကျဲရေ စိုးရိမ်မနေပါနဲ့။ အားလုံးက ညီမရဲ့ ထိန်းချုပ်မှုအောက်မှာပါ ”

……………

ထိုစဉ် လုကျိုးနှင့် ရှောင်ယွမ်အာတို့က မုရုံမိသားစု အိမ်တော်အပြင်ဘက်သို့ ရောက်ရှိလာကြသည်။

“ရှောင်ယွမ်အာ … မင်းက အရမ်းထင်ပေါ်လွန်းတော့ တခြားသူအာရုံ စိုက်စရာဖြစ်လာလိမ့်မယ်။ အခုကစပြီး ငါ ပြောတဲ့အတိုင်းပဲ လုပ် ကြားလား ”

“ တပည့် နားလည်ပါပြီ ”

“ နောက်ကွယ်က ကြိုးကိုင်သူက မင်းရဲ့ ရှစ်ရှိုးတို့၊ ရှစ်ကျဲတို့ ဖြစ်နေခဲ့ရင် ဘယ်လိုလုပ်မလဲ ” လုကျိုးက သူတို့လက်ချက် မဟုတ်လျှင်ပင် သူတို့နှင့် တစ်နည်းတဖုံ ပတ်သက်နေလိမ့်မည်ဟု ခံစားချက်မျိုး ရနေသည်။

“ သူတို့ မဖြစ်နိုင်ပါဘူး … သူတို့က တပည့်ကို အမြဲတမ်းကြင်ကြင်နာနာ ဆက်ဆံပေးတယ်။ တပည့်ရဲ့ မိသားစုကို ပြန်ပေးဆွဲလောက်တဲ့ စိတ်နှလုံးသားမျိုး မရှိကြပါဘူး ” ရှောင်ယွမ်အာလေးက ဆံပင်လေးကို လိမ်ကာ ကစားရင်း ပြောလိုက်သည်။

လုကျိုးက ခေါင်းတခါခါဖြင့် တွေးလိုက်မိသည်  “ အရမ်းရိုးလိုက်တာ ”

“ အထဲဝင်ကြစို့ ”

“ ရှစ်စွင်း … တပည့် တံခါးသွားခေါက်ပေးပါ့မယ် ”

“ ကန်ဖွင့်လိုက် ”

ရှောင်ယွမ်အာ  “ … ”

ဝုန်း

တံခါးကား ဘန်းခနဲ ပွင့်သွားလေသည်။ အသံကို ကြားကာ အစောင့်များက ပျားများသဖွယ် ချက်ချင်း ထွက်လာကြပြီး ကျူးကျော်သူများမှာ လူအိုကြီးတစ်ယောက်နှင့် မိန်းမငယ်လေးတစ်ယောက် ဖြစ်နေကြောင်း တွေ့လိုက်ရသည့်အခါ တစ်ယောက်က မချေမငံ့ မေးလိုက်သည်။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now