အပိုင်း ၁၈

3.5K 621 28
                                    

Unicode

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

အပိုင်း ၁၈ - လစာ

မုရှောင်ယက သူမအိမ်ပြန်လာမှ ထုပ်ပိုးမယ်ပြောခဲ့ပေမယ့် ရှန်ချင်းယီက သူ့သမီးကို ကြိုပြီး ထုပ်ပိုးပေးခဲ့သည်။ မုရှောင်ယက ဘာမှရမလုပ်ခဲ့တာကြောင့် သူမအမေနှင့်အတူ အိမ်မှုကိစ္မများကိုလုပ်ဆောင်ခဲ့သည်။ ပိုင်ချွမ်းက မုရှောင်ယ သူမမိဘအိမ်သို့ပြန်ရောက်သည်ကိုမြင်သောအခါ သူသတိမထားမိဘဲ တိတ်ဆိတ်စွာနေပြီးနာခံမှုရှိရှိဖြင့် ဆိုဖာပေါ်တွင်ထိုင်နေသည်။ မည်သို့ပင်ဖြစ်စေ သူ့ကိုယ်ပိုင်ကမ္ဘာထဲရှိနေသလိုပါပဲ သူကတစ်နေကုန်ထိုအတိုင်းနေဖို့က သာမန်ပါပင်။

ဒီမြင်ကွင်းက သူ့ယောက္ခမ မျက်လုံးထဲ ရောက်သွားတော့ သည်းမခံနိုင်တော့ဘူး။  ပိုင်ချွမ်းက အိမ်နီးနားချင်းရဲ့ ကလေးတစ်ယောက် ဖြစ်ခဲ့ပြီး မုရော့ကျုံးက သူ့ကို သင်္ချာပုစ္ဆာတွေကို ဖြေခိုင်းဖို့ မကြာခဏရှာဖွေလေ့ရှိသည်။  အဓိကအချက်မှာ ပိုင်ချွမ်းက သင်္ချာပုစ္ဆာများကို အလွယ်တကူ ဖြေရှင်းနိုင်ပြီး နောက်တစ်ချက်မှာ ပိုင်ချွမ်းနဲ့ ပိုမိုဆက်သွယ်ပြောဆိုနိုင်ဖို့ နည်းလမ်းကို ရှာဖွေလိုခြင်းပင်ဖြစ်သည်။ ပိုင်ချွမ်းက သူ့သားမက်ဖြစ်တာကြောင့် သူ့(ပိုင်ချွမ်း)ကိုစောင့်ရှောက်ဖို့ အကြောင်းပြချက်မလိုအပ်ပေ။

'စိတ်ထဲမှာတောင် စိတ်ဓာတ်ကျတာ နည်းနည်းမှ မကူညီနိုင်ဘူး။ တစ်ခြားသူတွေရဲ့သားမက်က သူတို့ရဲ့ယောက္ခမနဲ့အဆင်ပြေဖို့ အလျင်လိုနေတယ်' ဒါပေမယ့် သူလာတဲ့အခါ သူ့သားမက်အစား သူကသွားပေါင်းရမှာပေါ့။

“ ရှောင်ချွမ်း လာပြီးဒီမေးခွန်းတွေကို ကူကြည့်ပေးဦး ” မုရော့ကျုံးက သင်္ချာအိုလံပစ်မေးခွန်း အနည်းငယ်ကို ယူပြီး ပိုင်ချွမ်း ရှေ့တွင်ထားခဲ့သည်။

ပိုင်ချွမ်းက အဲ့ဒါကိုတစ်ချက်ကြည့်ပြီး ဘောပင်နဲ့ စရေးးတော့သည်။ သိပ်မကြာခင်မှာပဲ သူကဖော်မြူလာတစ်ခုလုံးကိုချရေးပြီး ပုစ္ဆာကို အရိုးရှင်းဆုံးနဲ့ နားလည်ရလွယ်ကူတဲ့ တွက်နည်းဖြင့်တွက်ထုတ်ခဲ့သည်။

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား (ဘာသာပြန်)  [Complete]Where stories live. Discover now