အခန်း (၂၅) အဘိုးကြီးက ကြည့်ရ မဆိုးဘူး

Start from the beginning
                                    

စင်စစ်ဧကန်ပင်၊ ဤစကားမှာ ဒဏ္ဍာရီလာ နတ်သားရဲမျိုး လက်ဝယ်ပိုင်ဆိုင်နိုင်ရန် ခက်ခဲကြောင်း ဟာသစွက်၍ အပြောင်အပြက်ပြောထားခြင်းသာဖြစ်ပေ၏။

"သေချာထိုင်" လုကျိုး ညာဘက်လက်ကို ကြွကာ စီယွမ်အာ၏ ပခုံးနှစ်ဖက်ရှေ့သို့ သိုင်း၍ ဖက်ထားလိုက်သည်။

နတ်ခြင်္သေ့လည်း ရွှေနန်းဥယျာဉ်တောင်တစ်ခွင် ကျက်စားနေသော ငှက်များ သားရဲများ လန့်ဖြန့်ပြေးသွားလောက်အောင် ကျယ်လောင်စွာ မြည်ဟိန်းလိုက်ပြီးသည်နှင့် ဝေဟင်ပေါ် ခုန်တက်ကာ တိမ်ပေါ် နင်းလျက် အန်းယန်ဆီသို့ ဦးတည်ပျံသန်းသွားတော့လေ၏။

နှစ်နာရီခန့်မျှကြာပြီးနောက် လုကျိုးသည် မှော်နတ်ခြင်္သေ့ကို အန်းယန် မြို့ပြင် အနီးစပ်ချုပ်မှ တောအုပ်တစ်နေရာတွင် ဆင်းသက်လိုက်စေသည်။ ရှောင်ယွမ်အာကတော့ အံ့အားသင့်နေသည်။ မြေပြင်ပေါ် သက်ဆင်းပြီး အချိန်အတန်ငယ် ကြာသည့်တိုင် သူမ စိတ်မအေးနိုင်သေးပေ။

"ဆရာတို့ ရောက်ပြီ" လုကျိုးက မြို့ဆီလှမ်းကြည့်ရင်း နတ်ခြင်္သေ့ပေါ်မှ ခုန်ဆင်းလိုက်သည်။ ယခုအချိန်တွင်တော့ သူ သွက်လက်ဖျတ်လတ်စွာ လှုပ်ရှားသွားလာနေနိုင်ပြီဖြစ်လေသည်။

"ရှောင်ယွမ်အာ" ယွမ်အာလေး ငေးငိုင်လျက် ထိုင်နေသေးသည်ကို တွေ့သောအခါ သူ ခေါ်ဖြစ်လိုက်သည်။

ထိုစကားများကြောင့် သူမ အသိဝင်လာတော့သည်။ "ရှစ်- ရှစ်စွင်း..." ထို့နောက် သူမ နတ်ခြင်္သေ့ပေါ်မှာ ဆင်းလိုက်ကာ၊ "တပည့် မရည်ရွယ်ပါဘူး၊ ဒါပေမဲ့ မှော်နတ်ခြင်္သေ့က သိပ်လှလွန်းတော့"

"လှတယ်လား" ဧကန္တ မည်သည့်ကမ္ဘာလောကတွင် ဖြစ်စေကာမူ၊ မိန်းကလေးတိုင်းက အရာဝတ္ထုများကို အပေါ်ယံရှုထောင့်မှ ကြည့်တတ်ပုံရလေသည်။

"ဟုတ်၊ တပည့်တော့ ဒီလောက်လှတဲ့ စီးတော်ယာဉ် တစ်ခါမှ မမြင်ဖူးပါဘူး"

"ငါတို့ ရောက်ပြီ၊ မလိုအပ်ဘဲ လူတွေ သတိထားမိမှာ စိုးလို့ ဒီစီးတော်ယာဉ်ကို ပြန်သိမ်းထားလိုက်တော့မယ်၊ ပြီးတော့... မင်းရဲ့ အဝတ်အစားနဲ့ ကိုယ်ရောင်ရှိန်ဝါကလဲ ထူးခြားနေတာ၊ အဲဒါ နည်းနည်း ပြင်ရမယ်"

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now