အခန်း (၁၀) သေစေနိုင်သော တိုက်ခိုက်မှု

Start from the beginning
                                    

အမည်။ ။ လုကျိုး

မျိုးနွယ်။ ။ လူသား

ကျင့်ကြံဆင့်။ ။ စိတ်တန်ခိုး ဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်၊ နှလုံးအပေါက်

ကုသိုလ်အမှတ်။ ။ သုည

ကျန်ရှိသက်တမ်း။ ။ ခြောက်ရာတစ်ဆယ့်သုံးရက်

အသုံးပစ္စည်း။ ။ ကျိထျန်းတောက် အထွတ်အထိပ်သဏ္ဍာန် နှစ်ကတ်၊ အတိုက်ခိုက်ဒဏ်ပြင်းကာကွယ်ကတ် ငါးကတ်(အလိုအလျောက်သုံး)

အသွင်ပြောင်းလဲထားသော အစွမ်း စိတ်ဝိညာဉ်သဏ္ဍာန်ကတ်က ကုသိုလ်အမှတ် တစ်ထောင်တောင် ကုန်သွားခဲ့၏။ ကြီးမားလှသော အမြတ်ကြီးထုတ်မှုပင်။

ကြည့်ရတာတော့ သူ ကျိထျန်းတောက်ကဲ့သို့ မြင့်မားသည့်အမြင့်ရောက်ဖို့ ဆန္ဒမှာ ထင်ထားသလောက် မလွယ်ခဲ့ပေ။ ထို့အပြင် သူ အခုလက်ရှိကျင့်ကြံနိုင်သည့် သင့်တော်သော ကျင့်စဉ် နည်းလမ်းလည်း မရှိသေး။

"ငါ ကျင့်စဉ်နည်းလမ်းဟောင်းတွေ လေ့ကျင့်သင့်လား"

လုကျိုးစိတ်ထဲတွင် ကျိထျန်းတောက်နှင့်ပတ်သတ်သော ကျင့်စဉ်နည်းလမ်းများနှင့် အတွေ့အကြုံများ၊ သူ့တပည့်ကိုးယောက်၏ ကျင့်စဉ်နည်းလမ်းများနှင့် ကောင်းကျိုးဆိုးကျိုးများ ပါရှိသည်။ သို့သော်ငြား ထိုကျင့်စဉ်နည်းလမ်းများမှာ သူတို့အတွက် ပြုလုပ်ထားသည်ဖြစ်ကာ သူ့အတွက်မသင့်တော်လှပေ။

ကျိထျန်းတောက်၏ ကိုယ်ပိုင်ကျင့်စဉ်နည်းလမ်းကတော့သူ့အိုမင်းလာသည့်ခန္ဓာကိုယ်ကြောင့် လေ့ကျင့်ပြီးနောက်တန့်သွားခဲ့သည့်ပုံစံပင်။ ဆိုလိုသည်က သူဆက်မလေ့ကျင့်ခင် သူ့ဘဝသက်တမ်းကို ရှည်လျားအောင် ပိုဆွဲဆန့်ရမည်။

ထိုမတိုင်ခင် သူ ဆိုးရွားသည့်ကျင့်စဉ်ကို ကျင့်မည့်အစား ဘာမှမလေ့ကျင့်သေးပေ။ သူ ဘယ်လိုပဲဖြစ်ဖြစ် စောင့်စားနိုင်၏။

ယခု သူ့ကုသိုလ်ရမှတ်က တိုးလာတာရပ်သွားသည့်ဟန်ဖြစ်ချေသည်။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now