အခန်း (၉) ချမှတ်ပေးထားသော တာဝန်များ

Start from the beginning
                                    

"ကံစမ်းမဲပဲ စမ်းကြည့်ရအောင်" လုကျိုး ပြောလိုက်တော့သည်။ 

"တင်း၊ ကံစမ်းမဲ စတင်ပါပြီ" 

"တင်း၊ ကံစမ်းမဲ ဆွဲရာမှ ကုသိုလ်ရမှတ် ၅၀ ကုန်ကျပါသည်၊ အကြောင်းပြန်လှန်ကတ်တစ်ကတ် ရရှိပါသည်" 

"ဆက်လက် ကံစမ်းချင်ပါသလား" 

"သြော မဲပေါက်နိုင်ခြေ တော်တော်များတာပါလား၊ 'ကျေးဇူးတင်ပါသည်၊ နောက်တစ်ကြိမ် ပြန်လည်ကြိုးစားပါ' ဆိုတဲ့ အသံမကြားရတာ ယုံတောင် မယုံနိုင်ဘူး၊ ဝိုး...!" လုကျိုး အနည်းငယ်တော့ အံ့အားသင့်နေခဲ့သည်။ "ငါ့မှာ ကုသိုလ်မှတ် ၁၅၀ ရှိသေးတယ်... အင်း၊ ငါ့ကျင့်ကြံဆင့် တက်နိုင်အောင်လို့ ဝိညာဉ်သဏ္ဍာန်တစ်ခု ဝယ်နိုင်တဲ့အထိ ဆက်စုထားတာ ကောင်းမယ်" 

ပုံမှန် ကျင့်ကြံသွားမည်ဆိုလျှင် ခန္ဓာ ဖွဲ့တည်အဆင့်မှ တက်ရန် တစ်နေသည့် ကိစ္စကို အလျင် ကျော်လွှားနိုင်ရမည်။ ပြီးနောက် စိတ်နက်နဲမှု ထုဆစ်ခြင်းအဆင့်ကိုရောက်မည်။ ထိုမှသာ လက်သင်အဆင့် စိတ်ဝိညာဉ်သဏ္ဍာန်ကို ကျွမ်းကျင်စွာ အသုံးပြုတတ်မြောက်နိုင်မည်ဖြစ်၏။ 

သို့သော် ယခုတော့ သူ စနစ်ဆိုင်တန်းထဲမှ စိတ်ဝိညာဉ်သဏ္ဍာန်များကို ဝယ်နိုင်မည်ဖြစ်၍ ကျင့်ကြံဆင့် တက်သည့်အဖြစ်မျိုး ကြုံရတော့မည်မဟုတ်ပေ။ 

"ငါ့ကို တာဝန်တွေ ပြစမ်း" 

"လက်ရှိ အဓိက တာဝန်: [ယုတ်မာဆိုးသွမ်းသော တပည့်များကို ထိန်းကျောင်းသွန်သင်ပါ] တစ်ရက် သွန်သင် ဆုံးမသူကား တစ်သက် အဖပမာ မည်၏။ ဆရာကို အာခံ၍ သစ္စာဖောက်သူများသည် သစ္စာမဲ့ကြသည်၊ ထိုသစ္စာမဲ့သူများသည် ခွေးဝက်တို့ထက် ယုတ်ညံ့ကြကုန်၏။ တပည့်များကို သွန်သင်ပဲ့ပြင်လိုက်ပြီး ၎င်းတို့၏ သစ္စာစောင့်သိမှုကို မြှင့်တင်လိုက်ပါ"  

"တာဝန်ခွဲ #၁: စီယွမ်အာ၏ သစ္စာစောင့်သိမှုကို မြှင်တင်ရန်။ အောင်မြင်ပြီးစီး" 

"တာဝန်ခွဲ #၂: အကျင့်မကောင်းသော တပည့်သုံးယောက်ကို အပြစ်ပေးရန်။ အောင်မြင်ပြီးစီး" 

"တာဝန်ခွဲ #၃: ကျူးဟုန်ကုန်းကို သွန်သင်ပဲ့ပြင်ရန်။ လုပ်ဆောင်နေဆဲ..." 

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now