ပထမဆုံးအ​ဖြစ်​ ယဲ့ကျင့်​ထန်​ လုပ်​ရမည်​မှာ သူမဖခင်​ ခန္ဓာကိုယ်​ထဲရှိ နာတာရှည်​အဆိပ်​မှာ မည်​သည့်​အဆိပ်​ဖြစ်​​ကြောင်း ရှာ​ဖွေရမည်​။

ယဲ့လင်းရဲ့ ခွန်​အားအစွမ်းမှာ အကြီးကဲ၏ ခွန်​အားနှင့်​ ညီမျှသည်​သာ မက ပို၍​ အစွမ်းပိုကြီးနိုင်​သည်​။ အကြီးကဲ ​နေ့တိုင်း အဆိပ်​ ခတ်​ထား​သော​ကြောင့်​ ယဲ့လင်းကျန်းမာ​ရေးမှာ ယုတ်​​လျော့လာပြီး ခွန်​အားစွမ်းအင်​များ ​လျော့နည်းလာခြင်းဖြစ်​သည်​။

ထိုအဆိပ်​​ကြောင့်​သာမဟုတ်​ခဲ့လျှင်​ ယဲ့ကျင့်​ထန်​၏ အရင်​ဘ၀တွင်​ အကြီးကဲမှာ ယဲ့လင်းအား ​အောင်​မြင်​စွာ လုပ်​ကြံ၍ ရမည်​ မဟုတ်​ခဲ့​ပေ။

သူမ အ​ဖေခန္ဓာကိုယ်​ထဲရှိ အဆိပ်​များ ​ပျောက်​ကွယ်​သွားလျှင်​ သူ၏ မူလ ခွန်​အားအစွမ်းကို ပြန်​​ရရှိ နိုင်​မည်​ဖြစ်​သည်​။ သူမအ​ဖေ ပြန်​ကျန်းမာလာပါက အကြီးကဲ တစ်​ခုခုလုပ်​ရန်​ကြိုးစား​ ​သောအခါ သူမအ​ဖေကို နိုင်​​အောင်​ တိုက်​ခိုက်​နိုင်​မည်​မဟုတ်​​ပေ။

အရင်​ဘ၀တုန်းက သူမ အတွင်းအားအရင်းအမြစ်​ ဆုံးရှူံး ခဲ့ရ​သော်​လည်း အမြဲ စိတ်​ဓာတ်​ကျမ​နေ​ပေ။ သူမသည်​ ပစ္စည်းများ ထုတ်​လုပ်​ခြင်း၊ ​​မှော်​စည်း များတည်​​ဆောက်​ခြင်း၊ ​ဆေးရည်​များ ​ဖော်​စပ်​ခြင်း နှင့်​ သူမအား ပိုပြီး ခွန်​အားကြီး စွမ်းထက်​လာ​စေမည့်​ အရာများအားလုံးကို ​လေ့ကျင့်​ ​လေ့လာခဲ့သည်​။ သူမသည်​ ​ရှေး​ဟောင်း ​ဆေးနည်းများကို အလွတ်​ကျက်​ခဲ့ပြီး သူမလိုချင်​​သော အတွင်းအား​ဆေးလုံး များကိုပင်​​ဖော်​စပ်​နိုင်​သည်​။

သူမအ​ဖေ၏ ခန္ဓာကိုယ်​ထဲရှိအဆိပ်​ကို ဆယ်​ရက်​အတွင်း သူမဖယ်​ရှားနိုင်​သည်​။

ယဲ့လင်းမှာ အ​စေခံများကို ​ဆေးဖက်​၀င်​အပင်​များဝယ်​ပြီး ယဲ့အိမ်​​တော်​သို့ အမြန်ပြန်​လာခဲ့ရန်​ ခိုင်း​လေသည်​။ ​မှာလိုက်​​သော​ဆေးဖက်​၀င်​အပင်​များ အကုန်​ စုံလင်​စွာရရှိသည်​နှင့်​ ယဲ့ကျင့်​ထန်​သည်​ သူမအခန်းထဲသို့ အဆိပ်​​ဖြေ​ဆေးကို ပြင်​ဆင်​ရန်​ အလျင်​အမြန်​ ပြန်​သွား​လေသည်​။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now