အခန်း (၂) ရန်သူများကို ပြန်လည်မောင်းထုတ်ရန် နည်းဗျူဟာ

Start from the beginning
                                    

လုကျိုးက ဇယားကိုတစ်ချက်ကြည့်လိုက်သည် : လက်ကျန် အသက်ဓာတ်စက်ကွင်းက တဖြည်းဖြည်း ပြန်လည်မြင့်တက်လာ၏။

သက်တမ်းကို ပြောင်းပြန်လှန်နိုင်သော အကြောင်းပြန်လှန် ကတ်အစွမ်းက... အင်မတန်ပင် မှင်သက်ဖွယ် ကောင်းလေသည်။

သူ့ခံစားချက်များ ငြိမ်သက်သွားရန် အတော်လေး ကြာသွားခဲ့၏။

ထိုစဉ်...

တပည့်လေးဦး တောင်ခြေသို့ ရောက်ပြီး သိပ်မကြာခင် သူတို့ တောင်ထိပ်ဆီမှ ပြင်းထန်သော လှုပ်ရှားမှုကို ခံစားလိုက်ရသည်။

"အားပြင်းလွန်းတဲ့ စွမ်းအင်လှိုင်းပဲ"

လောင်စန်းက အာမေဋိတ်ပြုလိုက်သည်။

"ရှစ်စွင်းမှာ ငါတို့ကို မသင်ပေးရသေးတဲ့ ပိုပြီးအစွမ်းပြင်း သိုင်းကွက်တွေရှိသေးမှန်း ငါသိသားပဲ"

"သစ္စာဖောက်မှုပြီးတည်းက ဆရာက ငါတို့ကိုသင်ပေးရင် အမြဲ တစ်ကွက် နှစ်ကွက်ချန်ထားတာလေ"

"ဒါပေမဲ့... ငါ ရှစ်စွင်းနဲ့ အနီးဆုံးရှိနေခဲ့တုန်းက သူ့ခန္ဓာကိုယ်မှာ ဘာစွမ်းအင် အတက်အကျမှမရှိဘူး၊ ကျင့်ကြံသူလောကကြားမှာတော့ ရှစ်စွင်း ဒဏ်ရာရသွားတယ်ဆိုပြီး ကောလာဟလတွေ အများကြီးပဲ"

"အသွင်အပြင်ကြောင့် အရူးမလုပ်ခံရစေနဲ့၊ စွမ်းအင်အတင်အကျကို ဖုံးကွယ်ဖို့ဆိုတာက ခက်ခဲတာမဟုတ်ဘူး၊ ခုလေးတင် ရှစ်စွင်းရဲ့ ဆောင်ရွက်မှုကိုဆုံးဖြတ်ရရင် အရာအားလုံးက သူ့လက်အောက်ထဲ ရှိနေတုန်းပဲ"

"ကျို့ရှစ်မေ့၊ ရှစ်စွင်းက မင်းကို အရေးပေးဆုံးပဲ၊ ဒါ ဘာနည်းလမ်းလဲ သိလား"

ကျန်တပည့်သုံးယောက်က နဝမမြောက်တပည့်ကို လှမ်းကြည့်လိုက်သည်။

"အာ၊ ညီမဘယ်လိုလုပ်သိပါ့မလဲ... ရှစ်စွင်းက အမြဲ တွေးလို့ မမီလောက်အောင် နက်နဲလွန်းတာကို"

ယွမ်အာလေးက မပွင့်တပွင့် ပြောလာသည်။

လေးယောက်သား  ကင်းလှည့်နေစဉ် အကာအရံ အပြင်ဘက်ကနေ  သမာသမတ် ကျင့်ကြံသူတစ်ယောက် အသံကို ကြားလိုက်ရသည်။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now