/Translator's note
ယခုလာမယ့်နှစ်ပိုင်းကတော့ ဟောလိုဝင်းအထူးသီးသန့်အပိုင်းတွေပဲဖြစ်ပြီး ဒီ arcနဲ့ဘာမှမဆိုင်ပါဘူးဗျ။ ဒါမယ့် E-tranမှာကိုက ဒီအပိုင်းနှစ်ပိုင်းဒီထဲမှာပဲပေါင်းထည့်ထားတာဖြစ်ပြီး အပိုင်းနံပါတ်တွေက ဆက်သွားမှာပါ။ Arcကိုပဲဆက်တိုက်ဖတ်မည်ဆိုလျှင် ဒီအပိုင်းနှစ်ပိုင်းကိုကျော်ပြီး နောက်မှပြန်လာဖတ်လည်းရပါတယ်ဗျ။
/Chapter 114: [ဟောလိုးဝင်းအထူးသီးသန့်]
ဟောလိုးဝင်းည၌ လှုပ်ရှားမှုပွဲမျိုးစုံရှိသည်။
ထိုအခိုက်တန့် စုမင်သည်ကျောင်းမှာပဲရှိသေး၏။ ဟောလိုးဝင်းပွဲသို့လာရောက်ရန် ရုပ်ရှင်ရုံမှအကြောင်းကြားစာပို့ခဲ့၏။
အထူးဟောလိုးဝင်းပွဲကို ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ရုပ်ရှင်ရုံ၏ ရည်ရွယ်ချက်မှာ ပရိသတ်ကို ပိုမိုဆွဲဆောင်ရန်ဖြစ်သည်။
သူလက်ခံသဘောတူရန်အတွက် တာဝန်ရှိသူသည် သူ့ကိုသိမ်းသွင်းစည်းရုံးရန်အချိန်အတော်ပေးခဲ့ရသည်။
"ဘာတွေရှိလဲ" စုမင်မေး၏။
တာဝန်ရှိသူက .."အဲ့ဒါက……လျှို့ဝှက်ချက်ပါဗျ။ ဘာလို့လဲဆိုတော့ ရွေးချယ်မှုတွေအများကြီးရှိလို့ပါ၊ အခြေခံပါဝင်တဲ့အကြောင်းရာက အကုန်လုံးမတူပါဘူး။ ခင်ဗျားရဲ့ရွေးချယ်မှုပေါ်မူတည်ပါတယ်"
စုမင်အတန်ငယ်အံ့အားသင့်သွားသည်။ အားလုံးသာ မတူညီဘဲကွဲပြားနေတယ်ဆိုလျှင် ရုပ်ရှင်ရုံသည် အကြောင်းအရာအများကြီးကို အတော်လေးဖန်တီးထားရပုံပေါ်၏။ ဇာတ်ညွှန်းရေးဆရာအုပ်စုလိုက်လည်းလိုအပ်ပေသည်။
သို့သော် ထိုသည်က အတန်ငယ်စိတ်လှုပ်ရှားဖို့ကောင်း၏။
တာဝန်ရှိသူက .."ဒါက လူတိုင်းအတွက် ဖန်တီးထားတဲ့အတွေ့အကြုံဖြစ်တာမို့ ကြောက်စရာမကောင်းပေမဲ့ အလွန်စိတ်ဝင်စားစရာကောင်းပါတယ်။ ကိုယ်တိုင်လည်း တွေ့ကြုံခံစားရန် ရွေးချယ်နိုင်ပါတယ်။ ခင်ဗျားအပေါ်မူတည်ပါတယ်"
စုမင်တခဏတွေးတောပြီး တစ်ဦးတည်းကြည့်ရှူနည်းဖြင့် ဆုံးဖြတ်လိုက်သည်။
YOU ARE READING
To be a Heartthrob in a Horror Movie(Myanmar Translation)
Mystery / ThrillerOriginal Author - Jiang Zhi Yu(姜之鱼) Chapters - 149+7 extras English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြည့်ရှူသည့်နည်းပညာသည် ပရိသတ်များအား ရုပ်ရှင်ထဲဝင်ခွင့်ရပြီး ကိုယ်တိုင်ကိုယ်ကျအတွေ့အကြုံခံစားနိုင်တယ်။ သဘာဝအားဖြင့် အ...