Chapter 78

2.4K 559 48
                                    


Chapter 78: အတွေးများ

ဒါရိုက်တာ မိသားစုနဲ့ စကားပြောစဉ် မင်မင်က ထိုဟာကို အဓိက ထားခဲ့သည်။

အဲ့ဒါကြောင့်လည်း မင်မင်ကို မွေးစားပြီး မကြာခင်မှာဘဲ ပြန်ပို့လိုက်တာဖြစ်သည်။ မင်မင်၏ ကိုယ်ရည်ကိုယ်သွေးနှင့် သူ၏ အပြုအမူအချို့ကြောင့် သူတို့အင်မတန်ထိတ်လန့်သွားကြသည်။

ဒါရိုက်တာအိုကြီးအခန်းဆီ မင်မင်သွားပြီး ထိုအကြောင်းကိုမေးတဲ့အချိန် ယန်ဂျင်းချိုင်နဲ့အခြားလူတွေရဲ့စာရင်း‌ကိုတွေ့သွားခဲ့သည်။ ထို့နောက် မိဘမဲ့ဂေဟာတစ်ခုလုံးမီးရှို့ခဲ့၏။

မိဘမဲ့ဂေဟာကို မူလအသွင်အပြင်သို့ ပြန်လည်ရောက်ရှိစေခဲ့သည်မှာ  သူ၏ စွဲမြဲစွာစွဲလမ်းမှုကြောင့်ဖြစ်သည်။

သူ့ကမ္ဘာလောက၌ မိဘမဲ့ဂေဟာသည် ပကတိအတိုင်းဆက်လတ်တည်ရှိနေသေးသည်။ ဒါရိုက်တာအိုကြီးနဲ့အခြားကလေးတွေကလည်း ထိုနေရာမှာတည်ရှိနေတာက သူတို့ဝိညာဉ်တွေရှိနေတာကြောင့်ဖြစ်သော်လည်း သူ့ညီမလေးအတွက်တော့မဟုတ်ခဲ့ပေ။ သူ့ညီမလေးက ထိုနေရာတွင်ပေါ်မလာခဲ့ပေ။

ယန်ဂျင်းချိုင်နဲ့အခြားသူတွေလာအောင်မလုပ်ခင်အထိပေါ့။

မူလရုပ်ရှင်အချက်အလတ်အရ ယန်ဂျင်းချိုင်နဲ့အခြားတွေရောက်ရှိပြီးနောက် အတိကျဆယ့်သုံးယောက်ဖြစ်ခဲ့သည်။ ရုပ်ရှင်ဇာတ်လမ်း၏နာမည်နဲ့ ကွက်တိဖြစ်‌နေသည်။

ပိုအရေးကြီးတာက သူတို့ညနေခင်းမှ ရောက်၍ နောက်ဆုံးညစာအချိန်လည်းဖြစ်သည်။

သို့သော် စုမင်ကိုထည့်ပေါင်းလိုက်တော့ အရေတွက်ကကိုက်မညီတောပေ။

သူတို့ကလွဲလို့ မိဘမဲ့ဂေဟာမှအားလုံးသည် သရဲတစ္ဆေတွေသာဖြစ်သည်။ မင်မင်တစ်ယောက်တည်း အမှန်တရားကိုသိတာမို့ သူ၏တည်ရှိမှုက ယေရှုကဲ့သို့ဖြစ်နေခဲ့သည်။

လီဝမ်ရှင်းက .."‌‌တုန်လှုပ်ခြောက်ခြားဖွယ်မိဘမဲ့ဂေဟာဆိုတဲ့နာမည်က ‘နောက်ဆုံးညစာစားပွဲ’ထက်တောင်ပိုကောင်းသေးတယ်။ ဘာလို့ဒီနာမည်ကို သူတို့ရွေးခဲ့သလဲ ငါနားမလည်ဘူး"

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now