Chapter 31

3.9K 1K 52
                                    


Chapter 31: မင်းကိုနမ်းချင်တယ်

ကျောင်းယွင်းဟော် ထူးထူးဆန်းဆန်းလူတစ်ယောက်ကိုမြင်ခဲ့ပြီး ထူးဆန်းလွန်းလို့ သူတောင်ကြောက်ရွံ့လာတယ်။

"ဘယ်လိုထူးဆန်းတာလဲ?" ချန်းရှင်းကျို့မေး၏။

ကျောင်းယွင်းဟော်အလန့်တကြားအခြေအနေမှာပဲရှိသေးကာ .."ငါ အဲ့အခန်းကိုရှာဖွေတော့ လူတစ်ယောက်တစ်မျိုးကြီးပဲ ...အော်ငိုပြီး ဖြတ်ပြေးသွားတာ ငါတွေ့လိုက်တယ်ကွာ ... ငါလည်းသိချင်ဇောနဲ့ လိုက်သွားတာ……"

သူအလွန်ဂရုစိုက်စွာ ထိုလူနဲ့ အကွာအဝေးအနည်းငယ်မှ လိုက်သွားခဲ့သည်။

ထိုလူကို ကျောင်းယွင်းဟော်မမြင်ဖူးသလို သိလည်းမသိပေ။ ဟစ်အော်ရင်းဖြတ်ပြေးသွားတာ တွေ့လိုက်သည့်အခါ သူ့စိတ်ထဲတစ်မျိုးကြီးခံစားမိသည်။
သူအဝေးကြီးမသွားခဲ့သည်မှာ ထိုလူလည်းအဝေးကြီးမပြေးခဲ့လို့ပင်။ မြေပြန့်မြေပြင်ပေါ်၌ သူလူးလှိမ့်နေကာ အလွန်စိတ်မသက်မသာပုံရသည်။

ကျောင်းယွင်းဟော် ခန္ဓာကိုယ်ကိုဥပမာဖြင့် ညွှန်ပြပြီး .."သူ့ကိုယ်သူကုတ်နေတာ ... ကြည့်ရတာသူအရမ်းယားနေပုံပဲ ... ဒါပေမယ့်အဲ့တာကြီးက အရမ်းအစွန်းရောက်လွန်းတယ်ဟ"

သူ့တို့ကိုယ်သူတို့ ထိုကဲ့သို့ကုတ်ခြစ်နေတာ သူပထမဆုံးမြင်ဖူးသည်ပင်။ အော်ဟစ်ရင်းကုတ်နေတာက အရူးတစ်ယောက်ကဲ့သို့ဖြစ်သည်။

"ဒါအရေပြားရောဂါဖြစ်နိုင်တယ်" ချန်းရှင်းကျို့ ပြောတယ်။

သို့သော်လည်း စုမင်ကတစ်ခုခုမှားနေပြီဟု အလိုလိုခံစားမိကာ မတ်တပ်ရပ်ပြီး..“ ငါတို့သွားကြည့်ရအောင်”

ကျောင်းယွင်းဟော် ထရပ်၍ ..“ကောင်းပြီ ... ငါမင်းတို့ကိုခေါ်သွားမယ် ... ဒီလူအခုထိမဝေးသေးဘူး၊ ငါတို့မှီနိုင်သေးတယ်"

သူနဲ့အတူ သူတို့အားလုံးထွက်သွားသည်။

သူတို့က တောင်ရဲ့တစ်ဝက်လောက်တည်နေရာတစ်ခုမှာဖြစ်၏။ သူတို့ဆင်းသွားရင် တောင်စောင်းတစ်ခုဖြစ်ပြီးတော့ ဘာမှန်းမသိအသီးအရွက်တွေနဲ့စိုက်ထားတဲ့ လယ်ကွင်းတွေရှိတယ်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now