Chapter 55

3K 744 12
                                    


Merry Christmas to u all⛄🎄

Chapter 55: ထွက်ခွာခြင်း

ထိုစကားများကို စုမင်ပြောပြီးသည့်နောက် ပထမဆုံးအနေဖြင့် အမှားအယွင်းမရှိဘူးလို့ ခံစားမိသည်။

သူက လင်းယိကျီ၊ ချန်းရှင်းကျို့တို့နဲ့ အခြားသူတွေရဲ့ လွမ်းမိုးမှုကိုခံခဲ့ရတာ ဖြစ်နိုင်သလို ဒါမှမဟုတ် ချန်စု၏အပြစ်လည်းဖြစ်နိုင်သည်။

ထို့နောက် စုမင် သူ့ကိုစိတ်ချစေရန်အားပေးပြောလိုက်တယ် .."ငါတို့ကျိန်းသေပေါက် ဒီနေရာကထွက်သွားရမယ်"

ထိုစကားများက သေမင်းကိုဆင့်ခေါ်လိုက်သလိုဖြစ်ပေမဲ့ သူ့ကိုယ်သူယုံကြည်မှုရှိသည်။ သူတို့ထဲက တစ်ယောက်မှ အသက်ရှင်လျက်ပြန်နိုင်ဖို့ မဖြစ်နိုင်ဘူး။

လီချီယွီပြောလိုက်သည်။
"မင်းပြောမှ ကြားရတာပိုတောင်ကြောက်ဖို့ကောင်းလာပြီ"

စုမင်စကားဆက်မပြောဖို့ ဆုံးဖြတ်လိုက်သည်။

မြူတွေတဖြည်းဖြည်းကွယ်ပျောက်ကာ မြေကြီးနှင့် ပုံထားသောမြေပုံအစုသေးသေးလေးတွေ ပေါ်လာတယ်။ စောစောက သူတို့ ထိုသင်္ချိုင်းမြေကိုဖြတ်ကျော်ခဲ့တယ်ဆိုတာ ယုံကြည်ဖို့တော်တော်ခက်သည်။

သင်္ချိုင်းမြေပုံတွေ ဘေးပတ်ပတ်လည်၌ ဝေ့ဝဲနေတဲ့သရဲတစ္ဆေတွေက မပျောက်ကွယ်သွားဘဲ သူတို့ဆီကိုလာဖို့လည်း ရည်ရွယ်ပုံမရပေ။ သူတို့ဘာလုပ်နေလဲဆိုတာ သူတို့မသိပေ။

လီချီယွီမေးတယ် .."ဒီသင်္ချိုင်းမြေမှာ ကမ္ပည်းကျောက်တိုင်တွေမရှိဘူးလား?"

အကယ်၍ ကျောက်တိုင်တစ်တိုင်မှမရှိဘူးဆိုလျှင် သူတို့က အထီးကျန်ဆန်သည့်တစ္ဆေတွေသာဖြစ်နိုင်သည်။ ဒီမှာ တော်တော်များများရှိပုံထောက်ရင် ဒါအစုလိုက်အပြုံလိုက်မြှုပ်နှံထားတာဖြစ်နိုင်‌ခြေရှိတယ်။

လဲ့လင်း .."ရှိတယ်"

စုမင် သူမကိုတစ်ချက်ကြည့်လိုက်သည်။ သူမအကြောင်းကို သူမေးမြန်းသည်မှာ ပထမဆုံးအကြိမ်ပင်။
"ဘယ်လိုသိတာလဲ? အရင်ကရောက်ဖူးလို့လား?"

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now