Chapter 22

4.1K 1K 28
                                    


Chapter 22: ပင်လယ်စာ

တစ်စုံတစ်ယောက်နံရံထဲက ခေါက်နေတာဖြစ်သည်။ အပြင်ကတစ်ယောက်ယောက်ခေါက်နေတယ်ဆိုသည့် အတွေးထပ်ပိုကြောက်လန့်လာကြတယ်။

ကျောက်မင်ရာနဲ့ သူတို့ကနံရံပဲခြားသောကြောင့် နှစ်ဘက်လုံး နံရံထဲမှခေါက်သည့်အသံကြားရပေသည်။ ဒါပေမယ့် နံရံထဲမှာ လူတစ်ယောက်အသက်မရှင်နိုင်ပေ။

ဒါက ပုံမှန်အသိတရားပင် ... သူတို့အသက်ရှင်နေရင်တောင် သူတို့သေနေ‌လောက်ပြီ။ စုမင်လန့်သော်လည်း နောက်ထပ်ထိတ်လန့်ဖွယ်ရာရုပ်ရှင်ထဲဝင်ဖို့အတွက် သူ့နှလုံးကို လေ့ကျင့်ပြီးပြီ ..."အထဲကလာတာ" သူပြောလိုက်တယ်။

ချန်းရှင်းကျို့က .."အထဲမှာဘာရှိလဲ ငါကြည့်ကြည့်မယ်"
ဒါကြောက်စရာကောင်းတဲ့အတွေးပင်။

စုမင် သူ့ကိုရပ်တန့်စေကာ တိုးတိုးလေးဖြင့် .."အထဲမှာ တစ်ခုခုရှိလိမ့်မယ် ... ဒါပေမယ့် အခုတော့ စိတ်ပူစရာမလိုဘူးလို့ ငါအကြံပြုတယ် ... နေ့အချိန်မှ ကြည့်ကြမယ်"

မင်း ညဘက်ဘာလုပ်လုပ် အန္တရာယ်ရှိသည်။ နေ့အချိန်လုပ်မှ ပိုလုံခြုံသည်။

ပြတင်းပေါက်ကုလားကာများသည် ဆွဲချထားကာ အပြင်မှာတစ်ခုခုရှိမှာ ကြောက်သောကြောင့် ဘယ်သူမှမဖွင့်ရဲပေ ...

ချန်းရှင်းကျို့ခေါင်းငြိမ့်၍ .."ဒါဆိုပြီးရော"

အမှန်တကယ်တော့ သူလည်းမလုပ်ရဲဘူး။ စုမင်၏ တည်ငြိမ်သောအမူအရာက သူ့ကိုစိတ်သက်သာရာရစေသည်။

တစ်ယောက်ယောက်တုန်လှုပ်ခြောက်ချားလျှင် အားလုံးလည်းကြောက်လန့်လာမည်။

ကုတင်၌ ပြန်လှဲပြီးသည့်တိုင် နံရံထဲကခေါက်သံကို ကြားနေရ‌သေးသည်။ ဖြည်းဖြည်းချင်း ... သူတို့နှလုံးသားဆီ လာခေါက်နေသလိုပင်။

စိတ်မပူဘဲ နားပိတ်ပြီးအိပ်ရန် ကျောက်မင်ရာထံ ချန်းရှင်းကျို့စာပို့လိုက်သည်။ စုမင်အိပ်ယာ၌ မျက်ဝန်းများပိတ်ထားလျက် လှဲနေရင်း 'သည်းထိပ်ရင်ဖိုတက္ကသိုလ်' အကြောင်းပြန်တွေးမိသည်။ ဤတစ်ကြိမ် အတန်ငယ်အန္တရာယ်များ၏။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now