Chapter 34

3.9K 1K 30
                                    


Chapter 34: ဘိုးဘေးခန်းမဆောင်

စုမင်အတွင်းစိတ်၌မီးသီးလင်းပြီး ထိုလူဘယ်သူလဲသတိထားမိသွား၏။

သူတို့အန်ကယ်ဟဲ‌အိမ်တွင် ညစာစားတုန်းက ခေါင်းပြတ်သရဲရှိခဲ့သည်။ အဲ့ဒါက ထိုခေါင်းပြတ်သရဲနဲ့အတူတူပဲလား?

သူ့မျက်လုံးတွေကို နှိုတ်ထုတ်ချင်တာ မထူးဆန်းတော့ပေ။ အန်ကယ်ဟဲက သူ့မျက်ဆန်တွေကို ငါးစွပ်ပြုတ်နဲ့အတူစားသောက်ခဲ့လို့ မုန်းတီးပြီးကလဲ့စားချေခဲ့သည်ပင်။

ဘယ်လိုပဲဖြစ်ဖြစ် စုမင်ထူးဆန်းသလိုခံစားရသည်။ တကယ်တော့ မျက်ဆန်တွေက ထင်ထင်ရှားရှားထွက်ကျပြီး ငါးစွပ်ပြုတ်ထဲသူ့ဘာသာသူဝင်သွားခဲ့တာ။ သို့ပေမဲ့ လက်စားချေတဲ့သရဲက ကြီးကြီးမားမားတော့မဟုတ်ချေ။

စောနက ခေါင်းစဉ်ကိုချန်စုက ဆွေးနွေးနေတုန်းပဲ .."ကိုယ်အမှန်တိုင်းပြောနေတာ"

စုမင် သူ့ကိုအာရုံမထားချင်တော့ပေ။ ဒီမှာဘာဖြစ်နေလဲဆိုတာပဲ သူသိချင်ရုံတင်ဖြစ်သည်။

ထိုသူများသည် သူတို့၏အရေခွံကိုနှစ်သက်ပြီး အရေခွံလဲရန်နည်းလမ်းကိုသိထားသည်။ သူတို့ပြောမပြနိုင်သော မှော်နက်ပညာအချို့ကို သူတို့သိတာကြောင့်လား?

ဤကဲ့သို့ horrorဇာတ်လမ်းများကို စုမင်ကြည့်ဖူးတယ်။ အချို့ကလုပ်ကြံပြောဆိုပြီး အချို့ကအမှန်ပဲဖြစ်သည်။

မည်သို့ပင်ဆိုစေ ၎င်းတို့သည်ဇာတ်ကြောင်းကို ပိုမိုနက်ရှိုင်းစေရန်အသုံးပြုခဲ့ကြသည်။

တစ်မိနစ်အတွင်း ခေါင်းပြတ်သရဲကိုယ်ခန္ဓာပြန်လှည့်ပြေးလာပြီး သူ့ခေါင်းကိုကောက်ယူကာ ပြန်ပြေးသွားသည်။
နည်းနည်း‌ထူးခြားသည်ဟု စုမင်ခံစားမိသည်။

ချန်စုအထီးကျန်သလိုခံစားရကာ သူ့ကိုထိလိုက်ပြီး .."တစ်ခုခုပြောဦးလေ"

စုမင်သူ့ကိုလှည့်ကြည့်ကာ အမြဲမေးချင်နေသောမေးခွန်းကို မေးလိုက်တယ် .."ဘာလို့ခင်ဗျားကို အခြားသူတွေမမြင်ရဘဲ ကျွန်တော်ပဲမြင်ရတာလဲ?"

မနေ့ညတုန်းက ချန်းရှင်းကျို့ဖုန်းမီးအလင်းဖွင့်ပြီး လျှောက်လာခဲ့စဉ်က သူ့ကိုချန်စုမလွှတ်သေးခဲ့ပေ။
ပြန်တွေးမိတော့ သူရှက်သွားသည်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now