Chapter 51

2.9K 771 6
                                    


Chapter 51: လက်ပစ်မြားကစားနည်း

သူ့ကိုမြင်သည်ဟုပြောသော်လည်း စုမင်၏ပင်ကိုယ်အသိစိတ်သာ ဖြစ်သည်။

သူသည် ချန်စုနှင့်အလွန်ရင်းနှီးလာတာမို့ ယခု ချန်စုရောက်ရှိနေမှုကို သိရှိနိုင်ပြီဖြစ်သည်။

ချန်စုလက်လှမ်းပြီး သူ့နှုတ်ခမ်းကို အသာယာပွတ်လိုက်တယ် .."ကိုယ်ချောလို့လားဟင်?"

စုမင်: “…………”

သူ့မျက်နှာမှ မ‌မြင်ရသေးတာကို သူချောလား ရုပ်ဆိုးလား ဘယ်လိုလုပ်သိမှာလဲ? ဒါပေမဲ့ အတွင်းစိတ်မှာတော့ ချန်စုကြည့်ကောင်းတယ်လို့ ခံစားနေမိသည်။

စုမင်ဝန်ခံမှာ မဟုတ်သလို ချန်စုကိုပြောမှာ မဟုတ်ပေ။

သူ့ခေါင်းလှည့်လိုက်ပြီး လက်ခါယမ်းနေတဲ့ မျက်လှည့်ဆရာထံအကြည့်ပြန်ရောက်သွားသည်။ ထို့နောက် သူ(လူပြက်)ခြေတစ်လှမ်းဆုတ်ပြီး သူ့(စုမင်)ကိုဆက်မကြည့်တော့ပေ။

ဒီလှည့်ကွက်က မအောင်မြင်တာမို့ သူ နောက်တစ်ယောက်ကိုကြိုးစားမလို့လား?

ပရိသတ်များ ထိတ်လန့်သွားကြသည်။  ကျို့ချင်းချင်းသေဆုံးခြင်းရဲ့ ထိတ်လန့်တုန်လှုပ်မှုကနေ သူတို့ မသက်သာသေးတာမို့ ... သူတို့အားလုံး တိတ်ဆိတ်ငြိမ်သက်ဘဲ တုန်ယင်နေကြသည်။

ရှေ့ဆုံးတန်းက လူလေးယောက်ကတော့ မတူညီပေ။

လီချီယွီတွေးတောတွေဝေရင်း .."သူဘာလို့ တစ်ခုမှမထုတ်သေးတာလဲ? ဒီမျက်လှည့်ဆရာက ပရော်ဖက်ရှင်နယ်မကျလိုက်တာ ... သူ့စကေးကို ငါသံသယဝင်လာပြီ"

လဲ့လင်းက .."‌ဒီကို မှော်မျက်လှည့်ကြည့်ဖို့လာခဲ့တာလား?"

ထိုစကားကြားတော့ လီချီယွီပျော့ကျသွားပြီး .."မဟုတ်တာ! သူ့ရဲ့ မျက်လှည့်မှာ ချို့ယွင်းချက်တစ်ခုခုရှိမလား ရှာချင်ရုံပါ!"

လဲ့လင်းအေးစက်စက်ပြောလိုက်၏ .."ဒါဆိုနင်ကကျွမ်းကျင်တာပေါ့"

လီချီယွီ သူ့ကိုယ်သူတွေးလိုက်တယ် ... သူမကျွမ်းကျင်ပေမယ့်လည်း ကျွမ်းကျင်သလိုဟန်ဆောင်မည်ပင်။ မဟုတ်ရင် သူ့နတ်ဘုရားမကိုဘယ်လိုလိုက်ပိုးရမလဲ?

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now