Chapter 62

2.7K 625 7
                                    


Chapter 62: မိဘမဲ့ဂေဟာ၏ဒါရိုက်တာ

ဒါရိုက်တာအိုကြီးစကားများသည် တဖက်လူတွေရဲ့ရင်ထဲတွင် စာနာကရုဏာသက်မိစေတယ်။

သို့သော် ဒါကhorrorရုပ်ရှင်ဖြစ်တာကိုတော့ စုမင်သတိရသေးသည်။ မိဘမဲ့ဂေဟာက ပိတ်မလားလို့‌ မသိပေမယ့် တစ်ခုတော့သေချာတာက သူတို့အားလုံးဒီမှာသေဆုံးရလိမ့်မယ်။

ဒါတွေအားလုံးနောက်ကွယ်က ဒါရိုက်တာလုပ်တာပဲလို့ သူသံသယတောင်ဝင်မိသည်။

ယန်ဂျင်းချိုင် သူ့(ဒါရိုက်တာ)ကို နှစ်သိမ့်သည်။
"မဖြစ်စေရဘူး ... အနာဂတ်မှာ ကျွန်တော်တို့ မကြာခဏလာလည်ပါ့မယ်။ ပိတ်ဖြစ်ခဲ့ရင်တောင် ဒါရိုက်တာဘဝကို ငြိမ်းငြိမ်းချမ်းချမ်းဆက်နေလို့ရသေးတာပဲ"

ဒါရိုက်တာအိုကြီးက သူ့ကိုသာပြုံး‌ပြနေ၏။

မကြာ သူပြောလာတယ် .."သော့‌ရှာတွေ့ပြီ"

ဒါရိုက်တာအိုကြီးက သံချေးနည်းနည်းတက်နေသောသော့ကိုဆွဲထုတ်ကာ တံခါးကိုအောင်မြင်စွာဖွင့်နိုင်သွားသည်။
"ဒါက စုမင်နဲ့ဂျင်းချိုင်အရင်ကနေခဲ့တဲ့အခန်းပဲ"

အခန်းကသိပ်မကြီးပေ။ စုစုပေါင်းကုတင်ခြောက်လုံးရှိပြီး တဖက်တစ်ချပ်စီ၌ ကုတင်သုံးလုံးစီရှိကာ ထိုနေရာ၌ ကလေးခြောက်ဦးနေထိုင်ခဲ့ကြောင်းဖော်ပြနေတယ်။

တံခါး၏ မျက်နှာချင်းဆိုင်၌ ကန့်လန့်ကာ ကာထားသည့်ပြတင်းပေါက်ဖြစ်ကာ အပြင်မှ လေတဖြူဖြူးတိုက်ခတ်နေတာကြောင့် ကုလားကာမှာပျံ့လွင့်နေလေတယ်။

အခန်းထဲ၌ မှိုစော်နံကာ တစ်ချက်ကြည့်ရုံနဲ့ တော်တော်ကြာကြာဘယ်သူမှမနေခဲ့မှန်းသိသာပြီး တစ်လောကမှ ရှင်းလင်းထားသည်။

ဒါရိုက်တာအိုကြီးက နံရံကိုစမ်းကြည့်ပြီး မီးဖွင့်လိုက်လျက်ပြောလာတယ် .."မနေ့ကမှ ကျုပ်ရှင်းလင်းလို့ပြီးတယ် ... အဲ့ဒါနဲ့ အခန်းထဲကအနံ့တွေထွက်သွားအောင် ပြတင်းပေါက်ကိုဖွင့်ထားခဲ့တာ ... မင်းတို့အေးတယ်ထင်ရင်တော့ ပိတ်လိုက်"

ကုတင်က သိပ်မကြီးသလို သေးလည်းမသေးဘူး။ စုမင်တိတ်တဆိတ်အကဲခတ်ကြည့်တော့ ကုတင်က လူကြီး‌အိပ်လို့ရတယ်ဆိုတာ တွေ့လိုက်ရသည်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now