Chapter 118

288 63 1
                                    


Chapter 118: ပျောက်သွားခြင်း

ဘယ်လိုအခြေအနေမဆို သူထိကိုင်ကြည့်သေး၏။

စုမင်ထိကိုင်ကြည့်ချိန် ရင်းနှီးသောအထိတွေ့မျိုးဖြစ်သော်လည်း အနည်းငယ်ကွဲပြားနေ၏။ ဤတစ်ခုသည် ပို၍ကြမ်းတမ်းသည်။

မူလအသားရေကြောင့်လား အကြောင်းတစ်ခုခုကြောင့်လား သူမသိပေ။

စုမင်လက်ရုတ်သိမ်းပြီး အခြားသူတွေကို သတိပေးလိုက်၏ .."အဲ့ဒါသွားမထိနဲ့"

သူပြောသည်ကိုကြားတော့ ချင်းမုရင်ပုံမှန်မဟုတ်တာခံစားလိုက်ရသည်။ သူ အနီးကပ်ကြည့်ပြီး ဂရုစိုက်အကဲခတ်ပြီး မေး၏ .."အဲ့ဒါဘာလဲ?"

"လူ့အရေခွံ" စုမင်ပြော၏။

ထိုအရာကို သူ ညွှန်ပြ၏။ ၎င်းသည် အစုံလိုက်ဖြစ်သောကြောင့် မူရင်းပိုင်ရှင်၏အင်္ဂါရပ်များကို ဖော်ထုတ်ရန် မခက်ခဲပေ။

သို့သော်လည်း အထူးခြားဆုံးသော မျက်နှာအသွင်အပြင်ပျောက်ကွယ်သွားခဲ့သည်။ ဒါရိုက်တာက အလွန်ကြောက်ဖို့ကောင်းမည်ကို စိုးရိမ်တာကြောင့် ရုပ်ပုံကိုဆင်ဆာဖြတ်ခဲ့၏။ ၎င်းက ယောက်ျားလေးရဲ့အသားအရေကို နည်းနည်း ရယ်စရာဖြစ်စေတယ်။

သို့ပေမယ့် သူပြောပြီးအခိုက်တန့် နံဘေးမှလူတွေအကုန် ကျောထဲချမ်းစိမ့်သွားသည်။

ချင်းမုရင်တခဏ အေးခဲသွား၏။ မူလအစက တစ်ခုခုပုံမှန်မဟုတ်နေဘူးလို့ တွေးထင်ခဲ့သော်လည်း စုမင်စကားများကြားသည့်အခါ ‌ချက်ချင်းချွေးပြန်လာ၏။

သူသည် ခြောက်ကပ်ကပ်ဖြင့်ပြောလာ၏ .."မင်းသေချာလို့လား? အဲ့ဒါ…….တကယ်ပဲ အဲ့ဒါလား? အရင်ကမင်းမြင်ဖူးလား?"

စုမင်က .."အရင်က မင်းရုပ်ရှင်တွေမကြည့်ဖူးဘူးလား?"

ချင်းမုရင်ဘာပြောရမှန်းမသိတော့ပေ။ သူလည်း မထိကိုင်ရဲပေ။ အင်္ကျီချိတ်သည် အရေပြားကို မသိရင် တီရှပ်ချိတ်ထားသကဲ့သို့ ချိတ်ဆွဲထား၏။

၎င်းသည် ထိုနေရာတွင် ကပ်နေပြီး ခွဲရန် ခက်ခဲသည့်ပုံထင်ရသည်။

ရှဟဲယင်း ကုတင်နဲ့ဝေးရာဆုတ်သွားပြီး .."ဒါ…….ထန်ရီရှုရဲ့အသားရေခွံလား? သူဒီမှာမရှိတော့ တစ်ခုခုဖြစ်သွားနိုင်တယ်"

To be a Heartthrob in a Horror Movie(Myanmar Translation)Onde as histórias ganham vida. Descobre agora