Chapter 52: ရွေးချယ်ခြင်းဆပ်ကပ်မျက်နှာနဲ့လူပြက်က သစ်သားဘုတ်ကိုမလှည့်ခင်တုန်းက ပရိသတ်မှာဒေါသအမျက်ထွက်ခဲ့သည်။
စာလုံးအကုန်လုံးကို သေသေချာချာမမြင်ရပေမယ့် အချို့တလေတော့ တွေ့ရကာ ကျန်တာတွေပါ ဘာတွေလဲဆိုတာ ခန့်မှန်းနိုင်သည်။
ဒီအကြောင်းကို သူတို့သိရင် သူတို့ကိုယ်တိုင်စင်ပေါ်တက်ဖို့ ဆန္ဒရှိကြလိမ့်မယ်။ သူတို့ ဘာလို့လျို့ကျန့်ရှန်းကိုအခွင့်အရေးပေးရမှာလဲ။
"သူဘာလို့ အဝါရောင်ဆံပင်နဲ့လူကိုမထိခဲ့တာလဲ?"
"ဒါ….. သူ့ကံသိပ်ကောင်းတာနေလို့ပဲဖြစ်မှာပေါ့။ ငါတော့ သူစင်ပေါ်ကဆင်းတဲ့အချိန် သေမသွားဖို့ပဲ မျှော်လင့်တယ်"
"ငါဘာလို့ရွေးမခံရတာလဲကွာ?.. အဲ့မြားတံတွေအားလုံးပစ်ပြီးတောင် နှစ်ခုပဲရတယ် ... သူ့မှာ ရှိတဲ့ညံ့ဖျင်းသော အရည်အချင်းက သူ့ကိုအဲ့ဆုလာဘ်တွေ ရသေးတယ်လို့ ငါတွေးမိတယ်!"
အချို့တွေက အငြိုးနဲ့တွေးကြတယ် .."သူဒီလောက်ကံကောင်းနေတာ လူပြက် သူ့ကိုဆုတွေချီးမြှင့်မယ့်အစား သတ်ပစ်မယ်နဲ့တူတယ်"
ဘာပဲဖြစ်ပါစေ ... သူ ဒီမှာသေရမယ့်ကံကြမ္မာရှိသည်။
လူသားတို့၏မလိုတမာစိတ်သည် အဆုံးမရှိပေ။ လူပြက်က စင်အောက်မှ ပရိသတ်များ၏အကျည်းတန်သောအမူအရာများကို နှစ်ခြိုက်စွာ ကျေနပ်အားရလျက် ကြည့်ရှုနေသည်။
ဟိုတယ်မှ အဖြစ်အပျက်တွေနဲ့ ပထမဆုံး မျက်လှည့်ဖျော်ဖြေပွဲနှစ်ခုရဲ့ ဖိနှိပ်ခံရမှုကြောင့် သူတို့ရဲ့ အတွေးတွေက တဖြည်းဖြည်းသွေဖယ်လာခဲ့တယ်။
အချိန်ကျော်လွန်ကြာလျှင် လူ့ဘဝသည် စျေးပေါသောအရာဖြစ်လာတယ်။
ဒါကို စုမင်မြင်တော့ ခေါင်းလှည့်၍ မေးလိုက်တယ် .."ခင်ဗျားတို့သရဲတွေက လူသားတွေ ဒီလိုဖြစ်တာကို ကြည့်ရတာကြိုက်တာလား?"
"ကိုယ်ကြည့်ရတာမကြိုက်ဘူး" ချန်စုပြော၏။
ချန်စုသာ လူပြက်လိုမျိုးအတူတူပဲဆိုရင် သူ့ကိုဖျက်ဆီးဖို့စဥ်းစားသင့်တယ် ဟူ၍ စုမင်တွေးတောမိသည်။
YOU ARE READING
To be a Heartthrob in a Horror Movie(Myanmar Translation)
Mystery / ThrillerOriginal Author - Jiang Zhi Yu(姜之鱼) Chapters - 149+7 extras English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြည့်ရှူသည့်နည်းပညာသည် ပရိသတ်များအား ရုပ်ရှင်ထဲဝင်ခွင့်ရပြီး ကိုယ်တိုင်ကိုယ်ကျအတွေ့အကြုံခံစားနိုင်တယ်။ သဘာဝအားဖြင့် အ...